BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထိုင်းဝန်ကြီးချုပ် နေအိမ်...
သတင်းအတု

ထိုင်းဝန်ကြီးချုပ် နေအိမ် ချိတ်ပိတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

မြန်မာစစ်ကောင်စီခေါင်းဆောင်ကို လက်ခံတွေ့ဆုံခဲ့တဲ့အတွက် ထိုင်းဝန်ကြီးချုပ် နေအိမ် ချိတ်ပိတ်ခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  19 April 2025 8:52 AM IST
  • ထိုင်းဝန်ကြီးချုပ် နေအိမ် ချိတ်ပိတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီလ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ထိုင်းဝန်ကြီးချုပ် နေအိမ် ချိတ်ပိတ်ခံရ။ မင်းအောင်လှိုင်ကို တွေ့ဆုံလက်ခံမှု ပေးဆပ်နေရပြီ။ ထိုင်းဝန်ကြီးချုပ်က မင်းအောင်လှိုင်ကို အဖမ်းခံရတော့မည်ဟု သတိပေး' လို့ ရေးသားထား တာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ထိုင်းဝန်ကြီးချုပ် နေအိမ် ချိတ်ပိတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲဟာ ဖေစ့်ဘွတ်ပေါ်မှာ ဖြန့်ဝေထားတဲ့ 'ထိုင်းနိုင်ငံက စစ်ခေါင်းဆောင်ကို သံတမံရေး လုပ်ထုံးလုပ်နည်း တစ်ဆင့်နှိမ့် ဆက်ဆံခဲ့တယ်လို့ သံခင်း တမံခင်း ကျွမ်းကျင်သူတစ်ဦးသုံးသပ်' ဆိုတဲ့ အကြောင်းအရာကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာထဲမှာ ထိုင်းဝန်ကြီးချုပ် နေအိမ် ချိတ်ပိတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    လက်ရှိမှာ မြန်မာစစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ၁၇ ရက်နေ့က ထပ်မံရောက်လာပြီး ဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ စစ်ခေါင်းဆောင်ကို မလေးရှားက ဒီလိုခေါ်ယူတွေ့ဆုံတဲ့ အပေါ်မှာ အတိုက်အခံနဲ့ မြန်မာနိုင်ငံရေးကို စောင့်ကြည့်နေသူတွေက ဝေဖန်နေကြပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ထိုင်းဝန်ကြီးချုပ်Prime Minister of Thailandconfiscatedချိတ်ပိတ်နေအိမ်ချိပ်ပိတ်သတင်းမှားFakenews
    Read Full Article
    Claim :   ထိုင်းဝန်ကြီးချုပ် နေအိမ် ချိတ်ပိတ်ခံရတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!