BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သဘာဝရိပ်သာဆရာတော်နဲ့ NUG ဝန်ကြီး...
သတင်းအတု

သဘာဝရိပ်သာဆရာတော်နဲ့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး တွေ့ဆုံတယ်ဆိုတဲ့ သတင်းအမှား

သဘာဝတရားရိပ်သာဆရာတော် ဦးဥတ္တမသာရနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး တွေ့ဆုံတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  18 Aug 2023 4:11 PM IST
  • သဘာဝရိပ်သာဆရာတော်နဲ့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး တွေ့ဆုံတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ရေးသားဖြန့်ဝေနေတဲ့ Trending ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဩဂုတ်လ ၉ ရက် နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ သဘာဝတရားရိပ်သာဆရာတော်နဲ့ ဒေါက်တာဇော်ဝေစိုးတို့ရဲ့ ဓာတ်ပုံတွေကို ဗွီဒီယိုဖိုင် ကာဗာအဖြစ် အသုံးပြုကာ ‘သဘာဝရိပ်သာဆရာတော်နှင့် NUGအစိုးရ ဇော်ဝေစိုးနှင့်တွေ့ဆုံ’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ သဘာဝတရားရိပ်သာဆရာတော်နဲ့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး တွေ့ဆုံတဲ့ ရုပ်သံဖိုင် မဟုတ်ပါဘူး။

    ဒီဗွီဒီယိုဟာ Thabarwa Live သဘာဝတရားရိပ်သာရုပ်သံမှတ်တမ်း ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မျာ ဩဂုတ်လ ၂ ရက်နေ့က ဖြန့်ဝေထားတဲ့ သဘာဝရိပ်သာ ဆရာတော်နဲ့ အမေးအဖြေပြုလုပ်ထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    ကြာချိန် ၄ မိနစ်ကျော်ကြာတဲ့ ဒီရုပ်သံဖိုင်ထဲမှာ ‘ဆန္ဒပြခံရတဲ့ကားပေါ်မှာ ဆရာတော်မပါဘူးလို့ ကြားရတာ ဟုတ်ပါသလားဘုရား’ ဆိုတဲ့ မေးခွန်းကို သဘာဝတရားရိပ်သာ ဆရာတော်က ပြန်လည်ဖြေကြားထားတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။


    မူရင်း ဖြန့်ဝေထားတဲ့ ရုပ်သံဖိုင်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သဘာဝတရားရိပ်သာဆရာတော်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးတင်ဦးနဲ့ တွေ့ဆုံပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးက အနားယူဖို့ တိုက်တွန်းခဲ့တဲ့အတွက် ပြည်သူတွေရဲ့ ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချမှုကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

    ဒါ့အပြင် ပြီးခဲ့လကုန်ပိုင်းက သွားရောက်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ အနီး Newark မြို့မှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမယ့်နေရာကို ရောက်ရှိချိန်မှာ မြန်မာနိုင်ငံသားအချို့ရဲ့ ဆန္ဒပြတာ ခံခဲ့ရပါတယ်။

    ဆရာတော်ဟာ တစ်နာရီခွဲနီးပါး ကြာမြင့်တဲ့ ဆန္ဒပြချိန်အတွင်း ကာပေါ်မှာသာ ထိုင်နေခဲ့ရပြီး ဆွမ်းဆန်စိမ်းလောင်းသူ မရှိဘဲ လှည့်ပြန်သွားရတာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ဆန္ဒပြThabarwa Centerသဘာဝတရားရိပ်သာNUG ဝန်ကြီးသဘာဝတရားရိပ်သာဆရာတော်Thabarwa Sayadaw
    Read Full Article
    Claim :   သဘာဝတရားရိပ်သာဆရာတော် ဦးဥတ္တမသာရနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး တွေ့ဆုံတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!