BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တေလာဆွစ်ရဲ့ အမေရိကန်ပြည်နယ်အချို့...
သတင်းအတု

တေလာဆွစ်ရဲ့ အမေရိကန်ပြည်နယ်အချို့ ဖျော်ဖြေပွဲတွေ ဖျက်သိမ်းတယ်ဆိုတဲ့ သတင်းအတု

ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရန့်ကို ထောက်ခံခဲ့တဲ့ အမေရိကန် ပြည်နယ် အချို့ရှိ ဖျော်ဖြေပွဲတွေကို ကမ္ဘာကျော် ပေါ့ပ်အဆိုတော် တေလာဆွစ် ဖျက်သိမ်းခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 Nov 2024 9:41 AM IST
  • တေလာဆွစ်ရဲ့ အမေရိကန်ပြည်နယ်အချို့ ဖျော်ဖြေပွဲတွေ ဖျက်သိမ်းတယ်ဆိုတဲ့ သတင်းအတု

    ဒီအကြောင်းအရာကို ဆိုရှယ်မီဒီယာ Threads ပေါ်မှာ ဒီလအစောပိုင်းက စပြီး အင်္ဂလိပ်ဘာသာစကားနဲ့ ဖြန့်ဝေနေတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ အင်္ဂလိပ်ဘာသာစကားနဲ့ 'Taylor Swift Cancels Red State Shows After MASSIVE RED WAVE, ‘I Won’t Be Performing Here Anymore’ လို့ ရေးသားဖြန့်ဝေနေတာပါ။

    တေလာဆွစ်ဟာ ပြီးခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲအတွင်း ဒီမိုကရက်တစ် သမ္မတလောင်း ကမ်မလာဟဲရစ်ကို ထောက်ခံ မှုကြောင့် ဒီလိုဖျော်ဖြေပွဲတွေ ဖျက်သိမ်းတယ်ဆိုပြီး ရေးသားဖြန့်ဝေနေကြတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တေလာဆွစ်က အမေရိကန်ပြည်နယ်အချို့က ဖျော်ဖြေပွဲတွေ ဖျက်သိမ်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ ခိုင်မာတဲ့ သတင်းရင်းမြစ်မပါပဲ တမင်တကာ သရော်စာပုံစံ ရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    တေလာဆွစ်အနေနဲ့ ၂၀၂၃ ခုနှစ် မတ်လ ၁၇ ရက်နေ့က စတင်ခဲ့တဲ့ သူမရဲ့ နာမည်ကျော် Eras Tour ကမ္ဘာလှည့်ဖျော်ဖြေပွဲ လည်း မကြာမီ ပြီးဆုံးတော့မှာဖြစ်ပါတယ်။

    ဒါ့အပြင် ဒီဖျော်ဖြေပွဲစဉ်စာရင်းမှာ အမေရိကားမှာ ပြုလုပ်မယ့် ပွဲတစ်ပွဲမှ မကျန်တော့ပါဘူး။ သူမရဲ့ အမေရိကား နောက်ဆုံးပွဲဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်မီ နှစ်ရက်အလို နိုင်ဝင်ဘာလ ၃ ရက်နေ့က Indianapolis မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    သူမရဲ့ Eras Tour နောက်ဆုံးပွဲက ကနေဒါနိုင်ငံ ဗန်ကူးဗားမှာ ဒီဇင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်မယ့် ပွဲဖြစ်ပါတယ်။

    ဒီအကြောင်းအရာကို ပထမဆုံး စတင်ဖြန့်ဝေတာကတော့ ရယ်စရာ သတင်းတွေနဲ့ သရော်စာတွေ ရေးသားဖော်ပြလေ့ရှိတဲ့ SpaceXMania ဆိုတဲ့ ဝက်ပေချ့်မှာ နိုဝင်ဘာလ ၉ ရက်နေ့က ရေးသားဖော်ပြထားတာပါ။

    ဖော်ပြရာမှာလည်း အကြောင်းအရာရဲ့ ခေါင်းစဉ်အောက်မှာ သရော်စာ အမျိုးအစားဖြစ်တယ် (Categories: Satire) ဆိုတာ တပါတည်း ရေးသားထားပြီး ဖြစ်ပါတယ်။ အောက်ပါ ပုံမှာ ကြည့်ရှု့နိုင်ပါတယ်။


    မူရင်းဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    လတ်တလော အချိန်တွေမှာ SpaceXMania ဆိုတဲ့ ဝက်ပေချ့်မှာ ရေးသားဖော်ပြနေတဲ့ သရော်စာတွေကို ကူးယူပြီး လူမှုမီဒီယာတွေပေါ်မှာ သတင်းတု၊ သတင်းမှားတွေ အများအပြား ဖြန့်ဝေနေကြပါတယ်။

    Tags

    ရွေးကောက်ပွဲUS Electionဖျက်သိမ်းFakenewsသတင်းအမှားဖြန့်အမေရိကန်Singer
    Read Full Article
    Claim :   တေလာဆွစ်ရဲ့ အမေရိကန်ပြည်နယ်အချို့ ဖျော်ဖြေပွဲတွေ ဖျက်သိမ်းတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!