BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဆွစ်ဇာလန်မှာ ဟီဂျဘ်(hijab) ကို...
      သတင်းအတု

      ဆွစ်ဇာလန်မှာ ဟီဂျဘ်(hijab) ကို ပိတ်ပင်ပြီး အစ္စလာမ်ဘာသာကို အသိအမှတ်မပြုတော့ဘူးလား

      ဆွစ်ဇာလန်နိုင်ငံမှာ မွတ်စလင်အမျိုးသမီးတွေကို ဟီဂျဘ်ခေါင်းဖုံး ဝတ်ဆင်ခွင့် ပိတ်ပင်ခဲ့ပြီး အစ္စလာမ်ဘာသာကို တရားဝင် အသိအမှတ်မပြုတော့ဘူးဆိုပြီး ရေးသားဖြန့်ဝေနေပါတယ်။

      By - Boom Live Myanmar |
      Published -  30 July 2024 8:31 AM IST
    • ဆွစ်ဇာလန်မှာ ဟီဂျဘ်(hijab) ကို ပိတ်ပင်ပြီး  အစ္စလာမ်ဘာသာကို အသိအမှတ်မပြုတော့ဘူးလား

      ဒီအကြောင်းအရာကို ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ ဇူလိုင်လ ၁၆ ရက်နေ့ကစပြီး အင်္ဂလိပ်ဘာသာစကားနဲ့ ရေးသားဖြန့်ဝေ နေတာဖြစ်ပါတယ်

      ဖြန့်ဝေရာမှာ ပြင်သစ်ဘာသာဖြင့် "No to the veil" ဆိုတဲ့ စာသားပါ အမျိုးသမီး ပိုစတာတစ်ခုရဲ့ ဘေးမှာ ရပ်နေတဲ့ မိန်းကလေး နှစ်ဦးရဲ့ ဓာတ်ပုံနဲ့အတူ ‘ဆွစ်ဇာလန်နိုင်ငံဟာ ဟီဂျဘ်ကို ပိတ်ပင်ခဲ့ပြီး လူထုဆန္ဒခံယူပွဲမှတစ်ဆင့် အစ္စလာမ်ဘာသာကို တရားဝင် အသိအမှတ် မပြုတော့ဘူး’ လို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားဖြန့်ဝေထားတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဆွစ်ဇာလန်မှာ ဟီဂျဘ်(hijab) ကို ပိတ်ပင်ပြီး အစ္စလာမ်ဘာသာကို အသိအမှတ်မပြုတော့ဘူးဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဆွစ်ဇာလန်နိုင်ငံမှာ မွတ်စလင်အမျိုးသမီးတွေ ဝတ်ဆင်တဲ့ နီကတ်၊ ဘူကာတို့လို မျက်နှာပြည့်ဖုံးအုပ်ခြင်းကို တားမြစ်ရန်အတွက် 2021 ခုနှစ်မှာ လူထုဆန္ဒခံယူပွဲပြုလုပ်ပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဝတ်ပြုရာနေရာတွေမှာ ခြွင်းချက်အချို့ရှိပေမယ့် အများပြည်သူ သွားလာနိုင်တဲ့ နေရာတွေမှာ ဒီလိုဖုံးအုပ်သွားလာတာကို လုံခြုံရေး အကြောင်းပြချက်တွေနဲ့ ဥပဒေက တားမြစ်ထားတာပါ။

      အေပီသတင်းဌာနရဲ့ သတင်းမှာ ဖော်ပြချက်အရ 2023 ခုနှစ် စက်တင်ဘာလမှာ ပါလီမန်မှ အတည်ပြုပြီး ဥပဒေဖြစ်လာခဲ့ပါတယ်။

      ဒါပေမယ့် ဒီတားမြစ်တဲ့ ဥပဒ‌ေထဲမှာ ဟီဂျဘ်(hijab) ဝတ်ဆင်တာကို ပိတ်ပင်ထားတာ မရှိပါဘူး။

      မွတ်စလင်အမျိုးသမီးတွေ ဝတ်ဆင်တဲ့ နီကတ်၊ ဘူကာ နဲ့ ဟီဂျဘ်(hijab) တို့ရဲ့ ပုံကို အောက်ပါ ပုံမှာ ကြည့်ရှု့ပါ။

      မျက်နှာပြည့်ဖုံးအုပ်ခြင်းကို တားမြစ်တဲ့ ဥပဒေနဲ့ ပက်သတ်တဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။

      ဖြန့်ဝေမှုမှာပါတဲ့ ပိုစတာဓာတ်ပုံဟာလည်း Nemesis Collective ဆိုတဲ့ ပြင်သစ်အမျိုးသမီးအဖွဲ့တစ်ခုက တင်ထားတဲ့ ဗီဒီယိုတစ်ခုကို ဖြတ်ယူသုံးစွဲထားတာ ဖြစ်ပါတယ်။

      ဗီဒီယိုထဲမှာ အဖြူနဲ့ အနက်ရောက် အင်္ကျီတွေ ဝတ်ထားတဲ့ ပုံထဲက အမျိုးသမီး နှစ်ဦးကို တွေ့ရမှာပါ။ ဒီဗီဒီယိုထဲမှာပါတဲ့ စာတန်းက ဟီဂျဘ်(hijab) ပိတ်ပင်တယ်လို့ ညွှန်းဆိုထားတာ မရှိပါဘူး။

      မူရင်းဗီဒီယိုဖိုင်ကို 2024 ခုနှစ် ဇန်နဝါရီလ 10 ရက် မှာ ဖြန့်ဝေထားတာဖြစ်ပြီး ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      နောက်ထပ် ဆွစ်ဇာလန်နိုင်ငံဟာ အစ္စလာမ်ဘာသာကို အသိအမှတ် မပြုတော့ဘူး ဆိုတဲ့ အချက်ဟာလည်း မှားပါတယ်။

      ဆွစ်ဇာလန်ဟာ ခရစ်ယာန်အများစုနေထိုင်တဲ့ နိုင်ငံဖြစ်ပေမယ့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၅ မှာ လူတိုင်းဟာ သူတို့ရဲ့ ဘာသာတရား (သို့မဟုတ်) ၎င်းတို့ရဲ့ ဒဿနခံယူချက်တွေကို လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

      ဆွစ်ဇာလန်နိုင်ငံရဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ဒီနေရာ မှာ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။

      ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      Tags

      banned hijabဟီဂျဘ်ကို ပိတ်ပင်ဘာသာရေးreligionလူမျိုးရေးFakenewsFreedom of religionဘာသာရေးလွတ်လပ်ခွင့်
      Read Full Article
      Claim :   ဆွစ်ဇာလန်မှာ ဟီဂျဘ်(hijab) ဝတ်ဆင်ခြင်း ပိတ်ပင်တယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!