BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ခေါင်းဆောင်တည်တဲ့ နေပြည်တော်က...
သတင်းအတု

စစ်ခေါင်းဆောင်တည်တဲ့ နေပြည်တော်က ဆင်းတုတော်ကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်တယ်ဆိုတဲ့ သတင်းအမှား

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်မှာတည်ခဲ့တဲ့ မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်ကြီးမှာ အံ့ဩစရာထူးဆန်းတဲ့ ဖြစ်ရပ်တွေဖြစ်ခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  22 Sept 2023 4:48 PM IST
  • စစ်ခေါင်းဆောင်တည်တဲ့ နေပြည်တော်က ဆင်းတုတော်ကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Dalin1 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဩဂုတ်လ ၉ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၅ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘မာရဝိဇယဆင်းတုတော်ကြီး ပူဇော်စဉ်မြင်လိုက်ရတဲ့ ဘယ်သတင်းထဲမှ မပါအောင် ပိတ်ထားခံရတဲ့ အံဩစရာ ထူးဆန်းတဲ့ဖြစ်ရပ် ’ ဆိုပြီး ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်စစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ဒီ မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်ကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်ဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    ဗီဒီယိုဖိုင်ထဲမှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင် တည်ခဲ့တဲ့ ဘုရာကြီးကို ဘယ်လိုနည်းပညာတွေ အသုံးပြုတည်ဆောက်ခဲ့တာ ဖြစ်ကြောင်း၊ ဘယ်လောက်ကြီးကျယ်ကြောင်းနဲ့ ပြည်သူတွေအတွက် ဘယ်လိုအကျိုးများကြောင်းတွေကို လိမ်လည်ပြီး လုပ်ကြံ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။

    ဒီအကြောင်းအရာတွေကို ဖြန့်ဝေဖို့ ခေါင်းစဉ်မှာ လူအများစိတ်ဝင်စားမယ့် ထူးဆန်းတဲ့ ဖြစ်ရပ်ဖြစ်ပွားတယ်ဆိုပြီး လိမ်ညာရေးသား ထားတာပါ။

    ဖြန့်ဝေထားတဲ့ အကြောင်းအရာနဲ့ အတွင်းက အကြောင်းအရာ ကိုက်ညီမှုမရှိတဲ့ လိမ်ညာဖြန့်ဝေထားမှုသာ ဖြစ်ပါတယ်။

    စစ်ခေါင်းဆောင်တွေဟာ ရှေးခေတ်မြန်မာဘုရင်တွေကို အားကျပြီး သာသနာပြုမင်းဖြစ်ချင်တဲ့ ဆန္ဒရှိတဲ့အတွက် ပြည်သူတွေကို လှည့်ဖြားဖို့ ဘုရားတည်တာလို့ လေ့လာသူတွေက ပြောဆိုနေကြောင်း RFA ရဲ့ သတင်းတစ်ပုဒ်မှာလည် ဖော်ပြထားပါတယ်။

    လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု (ISP-Myanmar) ကတော့ မာရဝိဇယ ဆင်းတုတော်ကြီး တည်ထားကိုးကွယ်မှုမှာ အယူသည်းတဲ့ မြန်မာ စစ်ခေါင်းဆောင်တွေအကြိုက် ကိုးဂဏန်းတွေ လွှမ်းမိုးထားတယ်လို့ ဖော်ပြပါတယ်။

    ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ဟာ သူတို့ အာဏာရယူ ထားစဉ်မှာ မဟာဝိဇယစေတီတော်၊ ရွှေတိဂုံ စေတီတော် နဲ့ ပုံစံတူ ဥပ္ပါတသန္တိစေတီတော်၊ ဗုဒ္ဓဂယာပုံတူ ဘုရားတွေနဲ့ မဟာသကျရံသီရုပ်ရှင်တော်မြတ် နဲ့ မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်ကြီး စတဲ့ ဘုရားစေတီတွေ အသီးသီး တည်ထားခဲ့တာ‌ ဖြစ်ပါတယ်။

    Tags

    ဗိုလ်ချုပ်မှူးကြီး သန်းရွှေPagodaဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘာသာရေးဘုရားတည်Pagoda erected
    Read Full Article
    Claim :   မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်ကြီးမှာ အံ့ဩစရာထူးဆန်းတဲ့ ဖြစ်ရပ်တွေဖြစ်ခဲ့တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!