BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မန္တလေးမြို့ ဆယ်သန်းရွှေဆိုင်...
သတင်းအတု

မန္တလေးမြို့ ဆယ်သန်းရွှေဆိုင် ဓားပြမှုနဲ့ပတ်သက်တဲ့ အချက်အလက်အမှား

မန္တလေးမြို့၊ မန်းမြို့ဈေးမှာ ဖွင့်ထားတဲ့ ဆယ်သန်းရွှေဆိုင် ဓားပြတိုက်မှုဟာ လက်နက်ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီ တပ်သားတွေ ဖြစ်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  30 Jan 2024 2:43 PM IST
  • မန္တလေးမြို့ ဆယ်သန်းရွှေဆိုင် ဓားပြမှုနဲ့ပတ်သက်တဲ့ အချက်အလက်အမှား

    ဒီအကြောင်းအရာကို Khit Thit Media အမည်ပေးထားတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၁၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်သားတွေ မန္တလေး မြို့လယ်ခေါင် ဆယ်သန်းရွှေဆိုင် ဓားပြတိုက်။ မန္တလေး မြို့လယ်ခေါင် ရွှေဆိုင်ဓားမြတိုက်ခံရ။ လက်နက်ကိုင် စကစ တပ်သားတွေ လက်ချက်ဖြစ်' လို့ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မန္တလေးမြို့ ဆယ်သန်းရွှေဆိုင် ဓားပြတိုက်မှု စကစ တပ်သားတွေဖြစ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဇန်နဝါရီ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့၊ မန်းမြို့ဈေး တောင်ဘက်ခြမ်း ၃၉ လမ်း၊ ၈၄ လမ်းနဲ့ ၈၅ လမ်းကြားက ဆယ်သန်းရွှေဆိုင် ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်ကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

    ဗီဒီယိုထဲက ပြောဆိုထားတဲ့ အကြောင်းအရာထဲမှာ ရွှေဆိုင်ဓားပြတိုက်သူတွေဟာ စကစ တပ်သားတွေ ဖြစ်တယ်ဆိုတာ ထည့်သွင်း ပြောဆိုမထားသလို ဒီအချက်အလက်နဲ့ပတ်သက်လို့လည်း ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလဖော်ပြထားတာ မရှိပါဘူး။

    ဆယ်သန်းရွှေဆိုင်ကို အခင်းဖြစ်ပွားတဲ့နေ့ နံနက် ၈ နာရီဝန်းကျင်မှာ ဆိုင်ကယ်နဲ့ ရောက်လာတဲ့အမျိုးသား ၃ ဦး က ဓားပြတိုက် သွားတာလို့ သတင်းတွေမှာ ဖော်ပြထားပေမယ့် ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်အဖွဲ့အစည်းက ပြုလုပ်သလဲဆိုတာ ဖော်ပြထားတာ မရှိပါဘူး။

    ရွှေဆိုင်ဓားပြတိုက်ခံမှုမှာ ရွှေလက်ကောက်မျိုးစုံ ၅၀၂ကွင်း၊ ရွှေဆွဲပြား ၃၆၅ပြား စုစုပေါင်းအလေးချိန် ရွှေ ၂ပိဿခန့် ကာလတန်ဖိုး သိန်း ၆၀၀၀ ကျပ်ခန့်နဲ့ ငွေသား သိန်း ၂၀၀ ပါသွားတယ်လို့ စစ်ကောင်စီ ဘက်က ထုတ်ပြန်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

    Tags

    ဓားပြတိုက်robberyရွှေဆိုင်ဓားပြတိုက်မှုMilitary CouncilFakenewsFalsenews
    Read Full Article
    Claim :   မန္တလေးမြို့ ဆယ်သန်းရွှေဆိုင် ဓားပြတိုက်မှု စကစ တပ်သားတွေလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!