BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • NUG ကို QUAD အဖွဲ့ ...
      သတင်းအတု

      NUG ကို QUAD အဖွဲ့ စစ်ရေးထောက်ပံ့တယ်ဆိုတဲ့ သတင်းအမှား

      တရုတ်အကူအညီ ရနေတဲ့ စစ်ကောင်စီကို တန်ပြန်ဖို့ NUG အစိုးရကို QUAD အဖွဲ့က စစ်ရေးထောက်ပံ့မှုတွေ ပေးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  28 Sept 2024 10:31 PM IST
    • NUG ကို QUAD အဖွဲ့  စစ်ရေးထောက်ပံ့တယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မင်းအောင်လှိုင် ဇာတ်သိမ်းပြီ။ တရုတ်အကူအညီနဲ့ မိုက်ရိုင်းနေတဲ့ စစ်ကောင်စီကို တန်ပြန်ဖို့ NUG ကို QUAD အဖွဲ့ စစ်ရေးထောက်ပံ့' လို့ ရေးသားထားတာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      NUG ကို QUAD အဖွဲ့ စစ်ရေးထောက်ပံ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Western News ဆိုတဲ့ သတင်းဌာနရ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာ ၂၆ ရက်နေ့က ဖော်ပြထားတဲ့ 'ရခိုင် အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းက အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရန် QUAD နိုင်ငံများ တောင်းဆို' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      သတင်းထဲမှာ ရခိုင်ပြည်ထဲက အကြမ်းဖက်မှုများအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းက အကြမ်းဖက်မှုများအားလုံး ချက်ချင်း ရပ်တန့်ပေးဖို့ QUAD အဖွဲ့ဝင် နိုင်ငံ ၄ ခုက တောင်းဆိုကြကြောင်း၊ လေယာဉ်ဆီ အပါအဝင် လက်နက်တွေကို တားဆီးရန် နိုင်ငံအားလုံးကို QUAD အဖွဲ့ဝင် နိုင်ငံများက မေတ္တာရပ်ခံကြောင်းနဲ့ QUAD နိုင်ငံများ အနေဖြင့် မြန်မာပြည်သူများဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ပြီး သက်ဆိုင်သူများအားလုံးနှင့် လက်တွေ့ကျကျ အပြုသဘောဆောင်သော နည်းလမ်းဖြင့် ဆက်လက် လက်တွဲရန် ကတိပြုကြောင်း ရေးသားထားတာပါ။

      QUAD အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးကို စက်တင်ဘာလ ၂၁ ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဂျပန်ဝန်ကြီးချုပ်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ဩစတြေးလျ ဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

      ဒီသတင်းထဲမှာ NUG ကို QUAD အဖွဲ့ စစ်ရေးထောက်ပံ့ပေးမယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

      Quadrilateral Security Dialogue (လေးထောင့်လုံခြုံရေး ဆွေးနွေးပွဲ) မှာ အမေရိကန်၊ သြစတြေးလျ၊ ဂျပန် နဲ့ အိန္ဒိယ နိုင်ငံတို့ ပါဝင်ပြီး အင်ဒိုပစိဖိတ်ဒေသတွင်း နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာတွေမှာ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုး မှုတွေ ရှိနေတဲ့အတွက် ဖြစ်ပေါ်လာတဲ့ တင်းမာမှုတွေကို စောင့်ကြည့်ဖို့နဲ့ တိုင်ပင်ဆွေးနွေးအဖြေရှာဖို့ အတွက်ဖွဲ့ထားတာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် အိန္ဒိယ သမုဒရာမှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီ ဘေး ကျရောက်ပြီးတဲ့နောက်မှာ ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် လေးနိုင်ငံ စတင်ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။

      နောက်ပိုင်းမှာ အင်ဒိုပစိဖိတ်ဒေသတွင်း နိုင်ငံတွေရဲ့ ဒီမိုကရေစီရေး၊ စီးပွားရေး၊ နယ်စပ်အရေး၊ လုံခြုံရေးနဲ့ ကျန်းမာရေး ကိစ္စတွေပါ ထည့်သွင်းလုပ်ဆောင်ခဲ့တာပါ။

      Western News သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      စစ်ရေးထောက်ပံ့QUAD အဖွဲ့ စစ်ရေးထောက်ပံ့Fakenewsသတင်းမှားClickbaits
      Read Full Article
      Claim :   NUG ကို QUAD အဖွဲ့ စစ်ရေးထောက်ပံ့တယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!