BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အကျဉ်းသားတွေ...
သတင်းအတု

အကျဉ်းသားတွေ ရှေ့တန်းပို့ခံရတယ်ဆိုတဲ့ သတင်းအမှား

ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေကို အတင်းအဓမ္မ စစ်သင်တန်း တက်ခိုင်းပြီး စစ်မြေပြင် ရှေ့တန်းတွေကို ပို့ခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  27 Sept 2024 1:14 PM IST
  • အကျဉ်းသားတွေ ရှေ့တန်းပို့ခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Share Local Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၂၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည် ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အကျဉ်းသားများ ရှေ့တန်းပို့ခံ့။ အကျဉ်းသား‌ထောင်နဲ့ချီ အတင်းအဓမ္မ စစ်သင်တန်းသို့ပို့ပြီး စစ်မြေပြင်သို့ ပို့ခံရ' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အကျဉ်းသားတွေ ရှေ့တန်းပို့ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့ အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring မီဒီယာမှာ စက်တင်ဘာလ ၂၁ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ချင်းတွင်းမြစ် အတွင်း စစ်​ရေယာဥ်အုပ်စုက နိုင်ကျဉ်းအချို့အပါအဝင်အကျဉ်းသား ၁၀၀ကျော်ကို ​ခေါ်​ဆောင်လာ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ ချင်းတွင်းမြစ် အထက်ပိုင်းမှ စုန်ဆင်းလာတဲ့ စစ်ကောင်စီ သင်္ဘောအုပ်စုဟာ စစ်ကိုင်းတိုင်း အထက်ပိုင်း မြို့နယ်တွေက နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတစ်ရာကျော်ကို ခေါ်ဆောင်ကာ မန္တလေးမြို့ဘက်ကို ဆက်လက်စုံဆင်းနေကြောင်း၊ အရေးကြီးတဲ့ အကျဉ်းသားတွေ ခေါ်လာတယ်လို့ သတင်းရကြောင်း၊ အကျဉ်းသားတွေ လွတ်သွားမှာနဲ့ လမ်းတစ်လျှောက် လူသားတံတိုင်းအနေနဲ့ အကာအကွယ်ယူချင်လို့ ခေါ်လာတာမျိုး ဖြစ်ကြောင်း ရေးသား ထားပါတယ်။

    ဒီသတင်းထဲမှာ အကျဉ်းသားတွေ ရှေ့တန်းပို့ခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာန တွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    People's Spring မီဒီယာမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    အကျဉ်းသားရှေ့တန်းပို့PrisonersFakenewsClickbaitsစစ်သင်္ဘောအုပ်စုနိုင်ငံရေးအကျဉ်းသားအကျဉ်းသားတစ်ရာ
    Read Full Article
    Claim :   အကျဉ်းသားတွေ ရှေ့တန်းပို့ခံရတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!