BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကာဒီနယ်တွေ သဘောမတူလို့...
သတင်းအတု

ကာဒီနယ်တွေ သဘောမတူလို့ ပုပ်ရဟန်းမင်းကြီးရဲ့ ရုပ်ကလာပ်ကို ဗာတီကန်ပြင်ပမှ‌ြ မြှုပ်နှံခဲ့ရတယ်ဆိုတဲ့ သတင်းအမှား

ပုပ်ရဟန်းမင်း ဖရန်စစ်ရဲ့ ရုပ်ကလာပ်ကို ဗာတီကန်ထဲ မြှုပ်နှံဖို့ ကာဒီနယ်တွေက သဘောမတူတဲ့အတွက် ဗာတီကန် ပြင်ပမှာ မြှုပ်နှံတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 April 2025 6:36 PM IST
  • ကာဒီနယ်တွေ သဘောမတူလို့ ပုပ်ရဟန်းမင်းကြီးရဲ့ ရုပ်ကလာပ်ကို ဗာတီကန်ပြင်ပမှ‌ြ မြှုပ်နှံခဲ့ရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Thomas Myo Lin ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ ဧပြီလ ၂၈ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး ဝေဖန်မှုနဲ့ ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာမြင့်ချိန် စက္ကန့်ပိုင်းသာရှိတဲ့ ဗီဒီယိုကလစ်တစ်ခုနဲ့အတူ 'ဗာတီကန်ထဲ မြှုပ်နှံခွင့်ကို ကာဒီနယ်များက သဘောမတူတာကြောင့် the Basilica of Saint Mary Major သို့ ပြောင်းရွှေ့။ ကမ္ဘာ့ပထမဆုံး ဗာတီကန်ပြင်ပ မြှုပ်နှံသော ပုပ်ရဟန်းမင်းကြီး ဖြစ်လာ' လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ကာဒီနယ်တွေ သဘောမတူလို့ ပုပ်ရဟန်းမင်းကြီးရဲ့ ရုပ်ကလာပ်ကို ဗာတီကန်ပြင်ပမှ‌ြ မြှုပ်နှံခဲ့ရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ သူ့ရဲ့ ရုပ်ကလာပ်ကို အရင် ပုပ်ရဟန်းမင်းတွေလို ဗာတီကန်မှာ မမြှုပ်ဘဲ ရောမမြို့ထဲက ဆန်တာ မာရီယာ မာဂျော်ရေး ဘတ်ဆလီကာ ဘုရားကျောင်းကြီးမှာ မြှုပ်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

    ဒါဟာ နှစ်ပေါင်း တစ်ရာကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗာတီကန်ရဲ့အပြင်ဘက်မှာ မြှုပ်နှံတဲ့ ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့တာပါ။

    ဒါ့အပြင် အစဉ်အလာအားဖြင့် ပုပ်ရဟန်းမင်းတွေကို သင်္ဂြိုဟ်တဲ့အခေါင်းကို ဆိုက်ပရပ်စ်ထင်းရှူးသား၊ ခဲ နဲ့ ဝက်သစ်ချသား တို့ကို သုံးထပ်ထားပြီး ပြုလုပ်တာဖြစ်ပေမယ့် ပုပ်ဖရန်စစ်ကတော့ ရိုးရိုးရှင်းရှင် သစ်သားကို သွပ်အနားကွပ်ထားတဲ့ ရိုးရိုး အခေါင်းနဲ့ပဲ သူ့ကို မြှပ်ဖို့ ရွေးချယ်ခဲ့တာပါ။


    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ စျာပန အစီအစဉ်တွေနဲ့ သက်ဆိုင်တဲ့ အကြောင်းတွေကို ဘီဘီစီသတင်းဌာနမှာ ရေးသား ဖော်ပြထားပါတယ်။

    ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ရက်ပိုင်းအတွင်းမှာ Thomas Myo Lin ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ ပုပ်ဖရန့်စစ် ပျံလွန်တော်မှုတဲ့ သတင်းတွေကို တမင်အချက်အလက် အမှားတွေနဲ့ ပြန်လည်ရေးသားဖြန့်ဝေနေတဲ့အပြင် ခရစ်ယာန်ဘာသာဝင်တွေကြား ရန်တိုက်ပေးတဲ့ အကြောင်းအရာတွေလည်း ရေးသားဖြန့်ဝေနေတာ တွေ့ရပါတယ်။

    Tags

    ပုပ်ရဟန်းမင်းကြီးPope FrancisFakenewsmisleadingFalsenewsသတင်းတု
    Read Full Article
    Claim :   ကာဒီနယ်တွေ သဘောမတူလို့ ပုပ်ရဟန်းမင်းကြီးရဲ့ ရုပ်ကလာပ်ကို ဗာတီကန်ပြင်ပမှာ မြှုပ်နှံတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!