BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လက်ခတ်တောင်က စတေးခံ PDF တွေ...
သတင်းအတု

လက်ခတ်တောင်က စတေးခံ PDF တွေ စိတ်ဓာတ်ပျက်နေတယ်ဆိုတဲ့ သတင်းအမှား

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းမှာ တပ်စွဲထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တွေအနေနဲ့ ရှေ့တန်းမှ ဦးဆောင်တိုက်ခိုက်နေရတဲ့အတွက် စိတ်ဓာတ်ကျနေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar |
Published -  29 Aug 2023 9:02 AM IST
  • လက်ခတ်တောင်က စတေးခံ PDF တွေ စိတ်ဓာတ်ပျက်နေတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို စစ်တပ်လော်ဘီလုပ်ကာ သတင်းအမှားတွေ ဆက်တိုက် ရေးသားဖြန့်ဝေနေတဲ့ Barlikissy King ဆိုတဲ့ ဖေစ့်ဘွတ် အကောင့်မှာ ဩဂုတ်လ ၂၀ ရက် နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ‘လက်ခတ်တောင်က စတေးခံ PDF တွေ စိတ်ဓာတ်ပျက်နေကြောင်း၊ KNU နယ်မြေအတွင်းက အကြမ်းဖက် လုပ်ငန်း တွေနဲ့ ဆက်ကြေးကောက်ခံမှုတွေမှာ PDF တွေကသာ ဦးဆောင်လုပ်ကိုင်နေရကြောင်း၊ တိုက်ပွဲတွေ ဖော်ဆောင်ရာမှာ ကျေနပ်မှု မရှိသလို စိတ်ပါဝင်စားမှုလည်း မရှိတော့ကြောင်း၊ စစ်စခန်းတိုက်ပွဲတွေမှာ PDF တွေကသာ ရှေ့တန်းက ဦးဆောင် တိုက်ခိုက်ရပြီး သေဆုံး ရတဲ့ အထဲမှာလည်း KNU ဆိုတာ မပါသလောက်ဖြစ်ပြီး PDF တွေသာ များနေကြောင်း၊ လက်ရှိ လက်ခတ်တောင်စခန်း မှာလည်း PDF တွေနဲ့ပဲ အထိုင်ချထားပြီး KNU အနည်းအကျဉ်းသာ ပါကြောင်း၊ စစ်တပ်က ပြန်တိုက်နေတဲ့ အတွက် PDF တွေ သေတာ မနည်းကြောင်း၊ အမှည့်ချွေခံနေရတဲ့အတွက် စိတ်ဓာတ်နေတယ်လို့ PDF တစ်ဦးထံက သတင်းရရှိကြောင်း’ တွေ ရေးသား ထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေ သဘောကျ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    အခုဖြန့်ဝေနေတဲ့ ‘လက်ခတ်တောင်စခန်း မှာလည်း PDF တွေနဲ့ပဲ အထိုင်ချထားပြီး KNU အနည်းအကျဉ်းသာ ပါတဲ့အတွက် စိတ်ဓာတ်ကျနေတဲ့ အကြောင်းတွေ၊ PDF တွေ သေတာ မနည်းဘူးဆိုတဲ့ အကြောင်းတွေ’ ဟာ စွပ်စွဲ ပြောဆိုရေးသား နေတာသာ ဖြစ်ပါတယ်။

    လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်က တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး စစ်ကောင်စီက စခန်းပြန်ရဖို့ ၁၀ ကြိမ် ထက်မနည်း ထိုးစစ်ဆင် ကြိုးပမ်းခဲ့ပေမယ့် အကျအဆုံးများစွာနဲ့ နောက်ပြန်ဆုတ်နေခဲ့ရတာ ဖြစ်ပါတယ်။

    လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းပေါ်မှာ ပြီးခဲ့တဲ့ ရက် ဩဂုတ်လ ၂၇ ရက်က ကော်ဘရာစစ်ကြောင်း ဦးဆောင်သူ ဗိုလ်ဒါဘော ကိုယ်တိုင်ပါဝင်တဲ့ အလံတင်နေတဲ့ ရုပ်သံဖိုင်အပါအဝင် လက်ခတ်တောင်ပေါ်မှာ တပ်စွဲရတဲ့ကိစ္စနဲ့ ပက်သတ်ပြီး ဗိုလ်ဒါဘောကို အင်တာဗျူးထားတဲ့ ရုပ်သံကိုလည်း Cobra Column ဖေစ့်ဘွတ်ပေချ့်မှာ ဖြန့်ဝေထားပါသေးတယ်။


    ဒါ့အပြင် Cobra Column ဖေစ့်ဘွတ်ပေချ့်မှာ စစ်ရေးသတင်းအပြင် နှစ်ဘက်ကျဆုံးစာရင်းတွေကိုလည်း အကြိမ်ကြိမ် ထုတ်ပြန် ထားတာတွေ ရှိပါတယ်။

    ထုတ်ပြန်မှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒီရက်ပိုင်းမှာ စစ်တပ်လော်ဘီလုပ်ပြီး သတင်းအမှားတွေ ဖြန့်နေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေနဲ့ အကောင့်တွေမှာ လူမျိုးရေး ပဋိပက္ခတွေ၊ ဘာသာရေး ပဋိပက္ခတွေတွေ ဖြစ်အောင် ရေးသားဖြန့်ဝေမှုတွေ များလာတာ တွေ့ရပါတယ်။

    ဒါကြောင့် စစ်တပ်လက်အောက်ခံ ဖေစ့်ဘွတ်ပေချ့်တွေ၊ အကောင့်တွေကနေ ဖြန့်ဝေနေတာတွေဟာ လူမျိုးရေး ပဋိပက္ခတွေ၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားလာအောင် တမင်လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ဖြစ်တယ်ဆိုတာ သတိထားဖို့ လိုပါတယ်။

    Tags

    Lat Khet Tuang Mountainလက်ခတ်တောင်စခန်းဘုရားဌာပနာဖောက်ထွင်းလူမျိုးရေးပဋိပက္ခဘာသာရေးပဋိပက္ခethnic conflictsReligious conflictsFakenewsလော်ဘီသမား
    Read Full Article
    Claim :   လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းမှာ တပ်စွဲထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ကျနေတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!