BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • PDF တွေက ရွာသားတွေကို ...
      သတင်းအတု

      PDF တွေက ရွာသားတွေကို မီးရှို့သတ်ဖြတ်တယ်လို့ လိမ်လည်ဖြန့်ဝေထားတဲ့ သတင်းအမှား

      စစ်ကိုင်းတိုင်း၊ ဒုံးတောကျေးရွာဖြစ်စဉ်က ဓါတ်ပုံတွေအဟောင်းတွေကိုအသုံးပြုပြီး ဆားလင်းကြီးမြို့နယ် ထန်းပုရွာမှာ PDF တပ်ဖွဲ့ဝင်တွေက ရွာသားတွေကို မီးရှို့သတ်ဖြတ်တယ်လို့ လုပ်ကြံရေးသားထားတဲ့အကြောင်းအရာတွေ လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

      By - Boom Live Myanmar |
      Published -  23 Dec 2021 4:18 PM IST
    • PDF တွေက ရွာသားတွေကို  မီးရှို့သတ်ဖြတ်တယ်လို့ လိမ်လည်ဖြန့်ဝေထားတဲ့ သတင်းအမှား

      ဒီသတင်းအမှားကို Waillian Waillian ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေလာတာဖြစ်ပြီး "ဆားလင်းကြီးမြို့နယ် ထန်းပုရွာမှာ PDF ကနေ ရွာသားတချို့ကိုသတ်​ဖြတ်၊ မီးရှို့ Vdo ရိုက်ပြီး တပ်ကလုပ်တာပါလို့ သတင်းအမှား ဖွတဲ့ သေဆုံးရွာသားစာရင်း" လို့ ရေးသားကာ ဒုံးတောရွာဖြစ်စဉ်မှ ဓါတ်ပုံအပါအဝင် မီးရှို့သတ်ဖြတ်ခံရသူများစာရင်းကိုပါ တွဲပြီး ပြန်လည်ဖြန့်ဝေထားပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ခုဖြန့်ဝေနေတဲ့ ဓါတ်ပုံတွေနဲ့ မီးရှို့သတ်ဖြတ်ခံရသူများစာရင်းဟာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုံးတောကျေးရွာမှာ ဒီဇင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ရွာသား ၁၁ ဦး အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့‌ ဖြစ်စဉ်က အချက်အလက်တွေပဲ ဖြစ်ပါတယ်။

      မူရင်းဖြစ်စဉ်ဟာ အခင်းဖြစ်ပွားတဲ့နေ့ နံနက်ပိုင်းမှာ အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်တွေ ရွာထဲဝင်ရောက်လာလို့ ထွက်ပြေးလာပြီး တဲတခုအတွင်း နားခိုနေစဉ် စစ်တပ်က ဝိုင်းဝန်းရိုက်နှက်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားတာ ဖြစ်တယ်လို့ ဆားလင်းကြီး PDF အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောဆိုကြောင်း Myanmar Now သတင်းဌာနမှာ ဖော်ပြထားပါတယ်။


      မီးရှို့သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပါတ်သတ်ပြီး ဒေသခံ ၉ ဦးထက်မနည်းကို Myanmar Now က ဆက်သွယ်မေးမြန်း ထားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ဒုံးတောကျေးရွာမှ ရွာသား ၁၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ အခြား ပြည်တွင်းပြည်ပ သတင်းဌာနတွေမှာလည်း ဖော်ပြထားပါတယ်။

      Myanmar Now သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပြီး အခြားပြည်တွင်းပြည်ပ သတင်းဌာနတွေရဲ့ ဖော်ပြထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      Tags

      ရွာသား ၁၁ ဦး မီးရှို့သတ်Sagaing DivisionSarlingyi Townshipစစ်ကိုင်းတိုင်းဒုံးတောကျေးရွာဆားလင်းကြီးမြို့နယ်People Defense ForcePDFမီးရှို့သတ်ဖြတ်ထန်းပုရွာPDF set fire to villagersFakenewsMilitary Coupmilitary council
      Read Full Article
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!