BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြိုင်မြို့နယ်တွင် PDF...
သတင်းအတု

မြိုင်မြို့နယ်တွင် PDF တပ်ဖွဲ့ဝင်တွေ ဓါးပြတိုက်ဆိုတဲ့ သတင်းအမှား

မကွေးတိုင်း မြိုင်မြို့နယ်မှ ကျေးရွာတစ်ရွာကို PDF တပ်ဖွဲ့ဝင်တွေက ဓါးပြတိုက်ခဲ့တယ်ဆိုပြီး ရွှေထည်ပစ္စည်းတွေပြသထားတဲ့ ဓါတ်ပုံတွေ အသုံးပြုပြီး ရေးသားဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။

By - Boom Live Myanmar |
Published -  19 Jan 2022 1:28 PM IST
  • မြိုင်မြို့နယ်တွင် PDF တပ်ဖွဲ့ဝင်တွေ ဓါးပြတိုက်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို ဇန်နဝါရီလ ၆ ရက်နေ့က စတင်ဖြန့်ဝေနေတာပါ။ စစ်တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းကြား ဖေစ့်ဘွတ်ပေချ့်နဲ့ ဂရုတွေမှာ အများဆုံးဖြန့်နေတာလည်း ဖြစ်ပါတယ်။

    စားပွဲပေါ်မှာ လက်ဝတ်ရတနာတွေ တင်ထားတဲ့ ပုံတွေအသုံးပြုပြီး ဖြန့်ဝေရာမှာ "မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်က ရွာတရွာကို PDF တပ်ဖွဲ့ဝင်တွေက တော်လှန်ရေးအောင်မြင်ဖို့ ထောက်ပံ့ရမယ်ဆိုပြီး ဆင်းရဲချို့တဲ့သူများဆီကပါမကျန် ရွှေ ငွေ လက်ဝတ်ရတနာတွေကို ဓါးပြတိုက်သွားကြောင်း၊ ဒေသခံတွေက ကြောက်ရွံ့တဲ့အတွက် ပြန်မပြောရဲကြောင်း၊ ပြန်ပြေသူတွေကို ဒလန်လို့ စွပ်စွဲသတ်ဖြတ်ကြောင်းနဲ့ PDF တပ်ဖွဲ့ဝင်တွေ ရိက္ခာပြတ်လပ်နေလို့ နီးစပ်ရာ ရွာတွေကို ထမင်းထုပ်လာပို့ခိုင်းကြောင်း" တွေ ရေးသားထားပါတယ်။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေရာမှာ အသုံးပြုထားတဲ့ပုံတွေဟာ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်ရှိ ကျေးရွာတရွာက တော်လှန်ရေးရဲဘော်တွေအတွက် လက်ဝတ်ရတနာတွေနဲ့ ငွေကျပ် သိန်း ၈၀ ကျော် လှူဒါန်းတယ်ဆိုတဲ့ သတင်းရဲ့ဓါတ်ပုံတွေ ဖြစ်ပါတယ်။ ဒီသတင်းကို ခေတ်သစ်မီဒီယာ သတင်းဌာနနဲ့ D-Day Channel ရဲ့ ဖေစ့်ဘွတ်စာမျက်နှာတွေမှာ ဇန်နဝါရီလ ၆ ရက်နေ့က ဖော်ပြထားပါတယ်။


    သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    PDF တပ်ဖွဲ့ဝင်တွေက တော်လှန်ရေးအောင်မြင်ဖို့ ဆင်းရဲချို့တဲ့သူတွေဆီကပါ ဓါးပြတိုက်ဆိုပြီး ဖြန့်ဝေနေတာတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအတုတွေပဲ ဖြစ်ပါတယ်။

    Tags

    PDF members robbedrobberyPDF MyaingMilitary CoupSupport PDF membersFakenewsဓါးပြတိုက်
    Read Full Article
    Claim :   မကွေးတိုင်း မြိုင်မြို့နယ်မှ ကျေးရွာတစ်ရွာအား အကြမ်းဖက် PDF များမှ ဓားပြတိုက်
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!