BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တောင်ကြီးမြို့က...
သတင်းအတု

တောင်ကြီးမြို့က ဆိုင်ကယ်ပျောက်ဆုံးမှုတွေဟာ PDF တွေ လက်ချက်လို့ ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား

ဆိုင်ကယ်ခိုးယူခံရမှုဖြစ်စဉ်တွေက ပုံအဟောင်းတွေကို အသုံးပြုပြီး တောင်ကြီးမြို့မှာ မော်တော်ဆိုင်ကယ်ခိုးယူခံရမှု များပြားလာတာဟာ ဝင်ငွေရလမ်းမရှိတဲ့ PDF အဖွဲ့ဝင်တွေကြောင့် ဖြစ်တယ်လို့ရေးသားဖြန့်ဝေတဲ့အကြောင်းအရာတွေ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  24 Dec 2021 9:07 AM IST
  • တောင်ကြီးမြို့က ဆိုင်ကယ်ပျောက်ဆုံးမှုတွေဟာ PDF တွေ လက်ချက်လို့ ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက စစ်တပ်ထောက်ခံသူအများစုက လူမှုမီဒီယာတွေပေါ်မှာ စတင်ဖြန့်ဝေ လာတာဖြစ်ပြီး "တောင်ကြီးမြို့က နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတဲ့ ဆိုင်ကယ်ပျောက်ဆုံးမှုတွေဟာ ဝင်ငွေရပေါက်ရလမ်းမရှိတဲ့ PDF အကြမ်းဖက်တွေကြောင့် ဖြစ်ကြောင်း၊ ယခင်က ဆိုင်ကယ်ပျောက်ဆုံးမှုမရှိတဲ့ တောင်ကြီးမှာ PDF တွေပေါ်လာမှ ခိုးယူမှုတွေ၊ ဓါးပြတိုက်မှုတွေနဲ့ လုယက်မှုတွေ ဖြစ်လာကြောင်း၊ CCTV တွေမှာလည်း PDF တွေဆိုတာ တွေ့နေရကြောင်းနဲ့ ရဲတွေအနေနဲ့လည်း မိအောင်မဖမ်းနိုင်ဘူး" လို့ရေးသားကာ CCTV မှ ရိုက်ယူထားတဲ့ ဆိုက်ကယ်သူခိုးဆိုသူ ဓါတ်ပုံအချို့လည်း ထည့်သွင်းဖြန့်ဝေ ထားပါတယ်။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာနဲ့ မူရင်းဓါတ်ပုံတွေဟာ Kanbawza Tai News သတင်းဌာနမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဖော်ပြထားတဲ့ သတင်းအကြောင်းအရာကိုလမ်းကြောင်းလွဲအောင်ပြန်လည်ဖန်တီးထားတဲ့ သတင်းအတုသာဖြစ်ပါတယ်။


    မူရင်းသတင်းထဲမှာ "စစ်အာဏာ သိမ်းပြီးချိန်မှ စတင်ပြီး ဖမ်းဆီးစစ်ဆေးမှုတွေ အဆက်မပြတ်လုပ်နေတဲ့ တောင်ကြီးမြို့မှာ ရက်ပိုင်းအတွင်း ဆိုင်ကယ်သူခိုးတွေ သောင်းကြမ်းနေကြောင်း၊ မော်တော်ဆိုင်ကယ်တွေ ဆက်တိုက်ပျောက်ဆုံးနေမှုအပေါ် ဒေသခံတွေက ပြစ်တင်ဝေဖန်နေကြောင်း၊ ခိုးယူသူတွေကို CCTV မှတ်တမ်းတွေနဲ့ တွေ့မြင်ပေမယ့် ဘယ်လိုမှ အရေးမယူနိုင်ကြောင်း၊ စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို အပြစ်မရှိ အပြစ်ရှာပြီး ဖမ်းဆီးနေပေမယ့် ဆိုင်ကယ်သူခိုးတွေကို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း" တွေ ရေးသားဖော်ပြထားပါတယ်။

    မူရင်းသတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    "တောင်ကြီးမြို့၌ PDF အကြမ်းဖက်များ ရပေါက်ရလမ်းမရှိသဖြင့် ဆိုင်ကယ်ခိုးယူမှုများ များပြားနေ" ဆိုပြီး ဖြန့်ဝေနေတာတွေဟာ Kanbawza Tai News သတင်းဌာနရဲ့ သတင်းကို အသုံးပြုပြီး ပြင်ဆင်ရေးသားကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် ပုံဖျက်ထားတဲ့အကြောင်းအရာတွေသာဖြစ်ပါတယ်။

    Tags

    Military CoupTaunggyistealing motorcyclesIncomeခိုးမှုဓါးပြတိုက်မှုလုယက်မှုTheftrobberyတောင်ကြီးမြို့PDF
    Read Full Article
    Claim :   တောင်ကြီးမြို့မှာ မော်တော်ဆိုင်ကယ်ခိုးယူခံရမှု များပြားလာတာဟာ ဝင်ငွေရလမ်းမရှိတဲ့ PDF အဖွဲ့ဝင်တွေကြောင့် ဖြစ်တယ်လို့ ရေးသားဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!