BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပြင်ဦးလွင် ကန်တော်ကြီးကို PDF တွေ...
သတင်းအတု

ပြင်ဦးလွင် ကန်တော်ကြီးကို PDF တွေ သိမ်းပိုက်တယ်ဆိုတဲ့ သတင်းအမှား

မန္တလေးတိုင်းအတွင်း စစ်တက္ကသိုလ်တွေ ဖွင့်လှစ်ထားရာ စစ်တပ်မြို့တော်လို့ လူသိများတဲ့ ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီးကို ပြည်သူ့ကာကွယ်​ရေးတက်မ​တော် (PDF) တွေ သိမ်းပိုက်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  31 Jan 2024 12:30 PM IST
  • ပြင်ဦးလွင် ကန်တော်ကြီးကို PDF တွေ သိမ်းပိုက်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Khit Thit Top News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ပြင်ဦးလွင် အရေးပေါ် ကြေငြာပြီ။ ပြင်ဦးလွင်၊ ကန်တော်ကြီး PDF သိမ်းပိုက်။ NUG/PDF အလံလွှင့်ထူပြီ။ စစ်ဗိုလ်ချုပ်များ အရေးပေါ်လှိုင်ဂူထဲ ပြေးကုန်ပြီ' လို့ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ပြင်ဦးလွင် ကန်တော်ကြီးကို PDF တွေ သိမ်းပိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    စစ်တပ်မြို့တော်လို့ လူသိများတဲ့ ပြင်ဦးလွင်မြို့က ကန်တော်ကြီးပတ်လမ်းမှာ ဇန်နဝါရီလ ၂၇ရက်နေ့ နံနက်၅ နာရီခွဲခန့်က ပြည်သူ့ကာကွယ်​ရေးတက်မ​တော် (PDF) အလံ​ စိုက်ထူခံရတဲ့ ဖြစ်စဉ်ရှိခဲ့တာ မှန်ပေမယ့် ပြင်ဦးလွင် ကန်တော်ကြီးကို PDF တပ်တွေ သိမ်းပိုက်လိုက်တယ်ဆိုတဲ့ အချက်ဟာ သတင်းမှားသာ ဖြစ်ပါတယ်။

    ပြင်ဦးလွင်မြို့က ကန်တော်ကြီးပတ်လမ်းမှာ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက အနီရောင်အောက်ခံပေါ်မှာ အဖြူရောင်ကြယ်ပါတဲ့ PDF အလံ လာရောက်စိုက်ထူသွားတဲ့ ဖြစ်စဉ်ကို သတင်းဌာနတွေမှာလည်း ဖော်ပြထားပါတယ်။


    ပြင်ဦးလွင်မြို့မှာ PDF အလံ စိုက်ထူခံရတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

    Tags

    စစ်တပ်မြို့​တော်PDF အလံ​Fakenewsမြို့သိမ်းMilitary CoupPyin Oo Lwinပြင်ဦးလွင်
    Read Full Article
    Claim :   ပြင်ဦးလွင် ကန်တော်ကြီးကို PDF တွေ သိမ်းပိုက်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!