BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • PDF တပ်ဖွဲ့တွေက ရွာတွေကို...
သတင်းအတု

PDF တပ်ဖွဲ့တွေက ရွာတွေကို မီးရှို့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား

စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ လူနေအအောက်အဦတွေ၊ စာသင်းကျောင်းတွေနဲ့ ရွာတွေကို PDF တပ်ဖွဲ့တွေက မီးရှို့တဲ့အတွက် အပြစ်မဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်ဆိုတဲ့ရေးသားဖြန့်ဝေမှုတွေထွက်ပေါ်နေပြီး ဒီအချက်တွေမှာ မူရင်းဖြစ်စဉ်တွေနဲ့ကွဲလွဲချက်တွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  18 Feb 2023 9:18 AM IST
  • PDF တပ်ဖွဲ့တွေက ရွာတွေကို မီးရှို့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညပိုင်းကစတင်ပြီး စစ်ကောင်စီလော်ဘီလုပ်နေတဲ့ Fifty Two News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ရေးသားဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ အိမ်ထောင်ပရိဘောဂ ပစ္စည်းအများအပြားနဲ့ ပြည်သူအချို့ ယာယီနားနေတဲ့ ဓါတ်ပုံတွေနဲ့အတူ ‘အပြစ်မဲ့ပြည်သူများ ဘယ်အချိန်ထိ ပြေးနေကြအုံးမှာလဲ၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ NUG နဲ့ PDF တွေဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရာဥပဒေစိုးမိုးရေးပျက်ပြားစေရန် ရည်ရွယ်ချက်နဲ့ စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ လူနေအဆောက်အဦတွေ၊ စာသင်ကျောင်းတွေ၊ အများပြည်သူပိုင်ဆေးရုံးတွေ၊ အများပြည်သူပို်င်လမ်းတွေ၊ ဘာသာရေး အဆောက်အဦးတွေနဲ့ ဌာနဆိုင်ရာ အဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးလျက်ရှိကြောင်း၊ အပြစ်မဲ့ပြည်သူတွေကို ဒလန်လို့ စွပ်စွဲပြီး အကြောင်းမဲ့ သတ်ဖြတ်ခြင်းတွေ ပြုလုပ်နေကြောင်း၊ ကျေးရွာတွေကို အခြေပြုပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်နေပြီး လုံခြုံရေးအဖွဲ့တွေ နယ်မြေရှင်းလင်းမှု လုပ်လာပါက ထွတ်ပြေးကာ လမ်းတစ်လျောက် ကျေးရွာတွေရှိ လူနေအိမ်တွေကို မီးရှို့ထွတ်ပြေးခြင်းဖြစ်ကြောင်း' စတဲ့ စစ်တပ်အကြိုက် PDF တပ်ဖွဲ့တွေကို ပုံဖျက် စွပ်စွဲရေးသားထားတာဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ ဓါတ်ပုံတွေကို BOOM က သတင်းဆန်းစစ်မှု ပြုလုပ်ကြည့်ရာမှာ စစ်အုပ်ချုပ်ရေး ကြေညာအပြီး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်‌တွေရဲ့ နယ်မြေရှင်းလင်းရေးလုပ်ကာ ကျေးရွာတွေကို မီးတိုက်ရှို့ခဲ့တဲ့အတွက် အရပ်သား တစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အကြောင်း သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းပါ ဓါတ်ပုံတွေဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒီသတင်းကို ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့ နိုင်ပါတယ်။

    စစ်အုပ်ချုပ်ရေး Martial Law ဥပဒေကို စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ က စတင်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

    စစ်အုပ်ချုပ်ရေး ဥပဒေ ထုတ်ပြန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခင်ဦးမြို့နယ်ရှိ ရွာ ၆ ရွာမှ နေအိမ်တွေကို ဖေဖော်ဝါရီလ ၁၁ ရက်ကနေ ဖေဖော်ဝါရီလ ၁၅ ရက်အထိ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အရပ်သား တစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာ ဖြစ်တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောထားတယ်လို့ သတင်းတွေမှာ ရေးသားထားပါတယ်။

    Tags

    PDF forces burned villagesစစ်အုပ်ချုပ်ရေးဥပဒေMartial Lawခင်ဦးစစ်ဘေးရှောင်နယ်မြေရှင်းလင်းသာလွန်အင်အားAvoid warFakenews
    Read Full Article
    Claim :   PDF တပ်ဖွဲ့တွေ မီးရှို့တဲ့အတွက် အပြစ်မဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!