BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တရုတ်ဓါတ်ငွေ့ပိုက်လိုင်းတွေကို PDF...
သတင်းအတု

တရုတ်ဓါတ်ငွေ့ပိုက်လိုင်းတွေကို PDF တပ်တွေ ဖောက်ခွဲတယ်ဆိုတဲ့ သတင်းအမှား

ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်နိုင်ငံရဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက ဖောက်ခွဲဖျက်ဆီးကုန်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  12 Oct 2024 8:58 PM IST
  • တရုတ်ဓါတ်ငွေ့ပိုက်လိုင်းတွေကို PDF တပ်တွေ ဖောက်ခွဲတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Burma News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'PDF များ တရုတ်ကို ပညာပြပြီ။ ပြည်တွင်းရေးကို ဝင်စွတ်ဖက်နေတဲ့ တရုတ်ကြီးကို ဓါတ်ငွေ့ပိုက်လိုင်းများ ဖောက်ခွဲပြီး ချကုန်ပြီ' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တရုတ်ဓါတ်ငွေ့ပိုက်လိုင်းတွေကို PDF တပ်တွေ ဖောက်ခွဲတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Than Lwin Times သတင်းဌာနမှာ အောက်တိုဘာ ၆ ရက်နေ့က ဖြန့်ဝေထားတဲ့ 'မြန်မာ့အရေး ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်တဲ့တရုတ်က နောက်ကွယ်မှာအကြီးအကျယ် ဖိ အားပေးနေ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ တရုတ်ဓါတ်ငွေ့ပိုက်လိုင်းတွေကို PDF တပ်တွေ ဖောက်ခွဲတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Than Lwin Times သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    china gas pipelineတရုတ်ဓါတ်ငွေ့ပိုက်လိုင်းတရုတ်ပိုက်လိုင်းသတင်းမှားFakenewsတရုတ်အရေး
    Read Full Article
    Claim :   တရုတ်ဓါတ်ငွေ့ပိုက်လိုင်းတွေကို PDF တပ်တွေ ဖောက်ခွဲတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!