BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အောင်လအန်ဆန်းရဲ့...
သတင်းအတု

အောင်လအန်ဆန်းရဲ့ ပွဲသစ်ကြေငြာတယ်ဆိုတဲ့ သတင်းအမှား

MMA ကစားသမား အောင်လအန်ဆန်းနဲ့ ထိုးမယ့်သူ ပေါ်လာတဲ့အတွက် သူ့ရဲ့ ပွဲသစ်ကို ကြေငြာလိုက်ပြီဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  28 July 2023 2:59 PM IST
  • အောင်လအန်ဆန်းရဲ့ ပွဲသစ်ကြေငြာတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Kirsten Combs ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘မျှော်နေကြတဲ့ အောင်လရဲ့ ထိုးပွဲသစ်ကြီး ကြေငြာပြီ။ အောင်လနဲ့ ထိုးမဲ့သူ ပေါ်လာပြီ’ လို့ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ အောင်လရဲ့ ထိုးပွဲသစ်ကြီး ကြေငြာပြီ ဆိုတဲ့ အကြောင်း အရာနဲ့ ပက်သက်တာ မပါဝင်ပါဘူး။

    ဗွီဒီယိုထဲမှာ ဘရာဇီးဖိုက်တာ လီရန်ဒရို အက်တိုင်းဒီးစ် (Leandro Ataides)က အောင်လအန်ဆန်းနဲ့ ထိုးသတ်ဖို့ ဆန္ဒရှိတယ်ဆိုပြီး အချက်အလက် ကိုးကားမှုမရှိပဲ နောက်ခံစကားပြောနဲ့ ပြောဆိုထားတာပါ။

    အောင်လအန်ဆန်းရဲ့ ပွဲအသစ်နဲ့ ပက်သက်ပြီး One Championship မှာ ကြေငြာထားတာ မရှိသလို အောင်လကလည်း သူ့ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ပြောထားတာ မရှိသေးပါဘူး

    လက်ရှိမှာ အောင်လအနေနဲ့ ပြီးခဲ့တဲ့ မေလအတွင်းက အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ One Championship မစ်ဒယ်လ်ဝိတ်တန်း သိုင်းပေါင်းစုံ MMA ယှဥ်ပြိုင်ထိုးသတ်ပွဲမှာ တရုတ်နိုင်ငံက ဖန်ရောင်းကို အနိုင်ရရှိထားပေမယ့် အောင်လနဲ့ ထပ်မံချုပ်ဆိုမယ့် စာချုပ်သက်တမ်း ကိစ္စကိုတော့ ONE ဘက်က တိကျတဲ့အဖြေမပေးနိုင်သေးပါဘူး။

    ဖန်ရောင်းနဲ့ ပွဲအပြီးမှာ အောင်လက သူဟာ မြန်မာပြည်က ဖြစ်ကြောင်း၊ မြန်မာပြည်အတွက် ဆုတောင်းပေးကြောင်းပြောခဲ့ပြီး နောက်ပွဲကို သူ့အတွက် ခါးပတ်စိန်ခေါ်ပွဲအဖြစ် ထိုးသတ်ချင်ကြောင်းလည်း ပြောခဲ့ပါတယ်။

    ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေဟာ အများပြည်သူ အထင်အမြင်လွဲအောင် တမင်လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    One ChampionshipMMANew Matchပွဲစဉ်သစ်အောင်လပွဲFakenews
    Read Full Article
    Claim :   အောင်လအန်ဆန်းနဲ့ ထိုးမယ့်သူ ပေါ်လာတဲ့အတွက် သူ့ရဲ့ ပွဲသစ်ကို ကြေငြာလိုက်ပြီလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!