BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • တရုတ်ကို NUG သတိပေးတယ်ဆိုတဲ့...
      သတင်းအတု

      တရုတ်ကို NUG သတိပေးတယ်ဆိုတဲ့ သတင်းအမှား

      မြန်မာ့တော်လှန်ရေးကို ဝင်ရောက် စွက်ဖက်တဲ့အတွက် တရုတ်နိုင်ငံကို NUG အစိုးရက သတိပေးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  27 Sept 2024 1:24 PM IST
    • တရုတ်ကို NUG သတိပေးတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည် ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ်နဲ့ NUG ပြသာနာတက်ပြီ။ မြန်မာ့တော်လှန်ရေးကို ဝင်စွတ်ဖက်တဲ့ တရုတ်ကို အကျိုးထပ်တူခံစားရမယ်လို့ NUG နိုင်ငံတော်အဆင့် သတိပေးနေပြီ' လို့ ရေးသားထားတာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      တရုတ်ကို NUG သတိပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့ အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ BBC သတင်းဌာနမှာ စက်တင်ဘာလ ၁၉ ရက်နေ့က ဖြန့်ဝေထားတဲ့ 'NUG ကို ကိုးကန့်လမ်းခွဲတာ ဘာကြောင့်လဲ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      သတင်းထဲမှာ ကိုးကန့်တပ် MNDAA ရဲ့ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းတာ လုံးဝ လုပ်မှာမဟုတ်ဘူးလို့ ထည့်သွင်းထုတ်ပြန်ခဲ့တဲ့အပေါ် စောင့်ကြည့်လေ့လာသူတွေရဲ့ အမြင်သဘောထားတွေကို ရေးသားဖော်ပြထားတာပါ။

      ဒီသတင်းထဲမှာ တရုတ်ကို NUG သတိပေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာန တွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

      BBC သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      NUG warned ChinaNUG သတိပေးတရုတ်မြန်မာ့တော်လှန်ရေးFakenewsသတင်းအမှား
      Read Full Article
      Claim :   တရုတ်ကို NUG သတိပေးတယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!