BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်မှုထမ်းဖို့ လာခေါ်သူတွေကို...
သတင်းအတု

စစ်မှုထမ်းဖို့ လာခေါ်သူတွေကို ရရာလက်နက်နဲ့ ပြန်ခုခံဖို့ NUG အမိန့်ပေးတယ်ဆိုတဲ့ သတင်းအမှား

စစ်မှုထမ်းဖို့ လာခေါ်သူ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ရရာလက်နက်နဲ့ ပြန်ခုခံဖို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က အမိန့်ပေးထားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  20 Feb 2025 10:46 PM IST
  • စစ်မှုထမ်းဖို့ လာခေါ်သူတွေကို ရရာလက်နက်နဲ့ ပြန်ခုခံဖို့  NUG အမိန့်ပေးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို စစ်ကောင်စီလော်ဘီလုပ်နေတဲ့ သတင်း တ မာန် ဆိုတဲ့ ဖေစ်‌ဘွတ်ပေချ့်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ Khin T Moe ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ တင်ထားတဲ့ ပိုစ့်တစ်ခုကို ပုံရယူပြီး 'အုပ်ကြီးများသတိ။ စစ်မှုထမ်းလာခေါ်ရင် ရရာလက်နတ်နဲ့ ပြန်ချကြလို့ NUG ကအမိန့်ပေးပြီးနောက်ပိုင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်လာ နေပါတယ်။ မြို့နယ်တွေသာမက ရန်ကုန်မှာတောင် ဓာတ်ဆီပတ်​ မီးခြစ်ပြေးတာတွေလုပ်လာကြပါပြီ။ အုပ်ကြီးများကို ခြောင်းမြောင်း လုပ်ကြံတာတွေလဲ သတင်းခပ်စိပ်စိပ်တက်လာပါတယ်' လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်မှုထမ်းဖို့ လာခေါ်သူတွေကို ရရာလက်နက်နဲ့ ပြန်ခုခံဖို့ NUG အမိန့်ပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    Khin T Moe ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ပိုင်ရှင်ဟာ အမျိုးသားညီညွတ်ရေး အစိုးရ NUG မှာ ရာထူး တစ်စုံတစ်ရာ ယူထားသူ မဟုတ်ပါဘူး။ စစ်အာဏာရှင် တော်လှန်နေတဲ့ သာမာန်ပြည်သူ တစ်ယောက်သာ ဖြစ်ပါတယ်။

    NUG အနေနဲ့လည်း စစ်မှုထမ်းဖို့ လာခေါ်သူတွေကို ရရာလက်နက်နဲ့ ပြန်ခုခံလို့ ဆိုပြီး အမိန့်ပေးထားတာ၊ ကြေညာချက် ထုတ်ပြန်ထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Khin T Moe ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဖြန့်ဝေထားတဲ့ မူရင်းပိုစ့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    fired backစစ်မှုမထမ်းမနေရ အမိန့်စစ်မှုထမ်းဥပဒေအမိန့်စာအတုသတင်းအမှားဖြန့်Fakenews
    Read Full Article
    Claim :   စစ်မှုထမ်းဖို့ လာခေါ်သူတွေကို ရရာလက်နက်နဲ့ ပြန်ခုခံဖို့ NUG အမိန့်ပေးတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!