BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ၄၈ နာရီအတွင်း လက်နက်ချဖို့...
သတင်းအတု

၄၈ နာရီအတွင်း လက်နက်ချဖို့ စစ်တိုင်းမှူးတွေကို NUG အစိုးရ စာပို့ဆိုတဲ့ သတင်းအမှား

စစ်တိုင်းမှူးတွေကို ၄၈ နာရီအတွင်း လက်နက်ချဖို့ NUG စာပို့အမိန့်ပေးတယ်လို့ လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  23 May 2022 9:27 PM IST
  • ၄၈ နာရီအတွင်း လက်နက်ချဖို့ စစ်တိုင်းမှူးတွေကို NUG အစိုးရ စာပို့ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို 24 news media ဆိုတဲ့ ဖေစ့်ဘွတ် ပေချ့်မှာ မေလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ကူးယူဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။၉ မိနစ်နီးပါးကြာတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ "စစ်တိုင်းမှူးအားလုံးလက်နက်ချဖို့ (၄၈) နာရီသာအချိန်ရမည်။ ပြည်သူ့မျက်နှာထောက်ပါ။ ၄၈ နာရီအတွင်း လက်နက်ချကြရန် စစ်တိုင်းမှူးတွေကို NUG စာပို့ အမိန့်ပေးပြီ။ မလိုက်နာသူ နိုင်ငံတော် ပုန်ကန်မှု" လို့ ရေးသားဖြန့်ဝေ နေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်စစ်ချက်

    ဖြန့်ဝေနေတဲ့ ဗွီဒီယိုမှာ အခြားသတင်းဌာနတွေက သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ရုပ်သံဖိုင်သာ ဖြစ်ပြီး စစ်တိုင်းမှူးတွေကို ၄၈ နာရီအတွင်း လက်နက်ချဖို့ NUG စာပို့အမိန့်ပေးတယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်မှု မရှိပါဘူး။

    ဒီ Video ဟာ ခေါင်းစဉ်မှာ လူအများစိတ်ဝင်စားအောင် လုပ်ကြံရေးသားထားပြီး ဝင်ရောက်ကြည့်ရှု့သူ များလာတဲ့အခါ Viewer အရောအတွက်နဲ့ ပိုက်ဆံပြန်ဝင်အောင် ပြုလုပ်ဖန်တီး ဖြန့်ဝေထားတဲ့ Video သာ ဖြစ်ပါတယ်။

    Tags

    FakenewsMilitary Coupmilitary forceလက်နက်ချဖို့ NUG တိုက်တွန်း၄၈ နာရီto surrender within 48 hoursNUG government
    Read Full Article
    Claim :   စစ်တိုင်းမှူးတွေကို ၄၈ နာရီအတွင်း လက်နက်ချဖို့ NUG စာပို့အမိန့်ပေး
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!