BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • သုံးလအတွင်း နေပြည်တော်ကို...
      သတင်းအတု

      သုံးလအတွင်း နေပြည်တော်ကို ထိုးဖောက်မယ်လို့ NUG ကြေညာတယ်ဆိုတဲ့ သတင်းအမှား

      အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်ထောင်စု စစ်ဆင်ရေး စတင်ကြေညာပြီး အင်အား ၄ သိန်းနဲ့ သုံးလအတွင်း နေပြည်တော်ကို ထိုးဖောက်မယ်လို့ ပြောဆိုတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  17 March 2025 11:53 AM IST
    • သုံးလအတွင်း နေပြည်တော်ကို ထိုးဖောက်မယ်လို့ NUG ကြေညာတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Mandalay khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ်လ ၁၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အရေးပေါ်သတင်း။ ပြည်ထောင်စု စစ်ဆင်ရေး စတင်ကြေညာ။ အင်အား ၄ သိန်းခန့် စတင်ထိုးစစ် ကြေညာပြီး ၃ လအတွင်း နေပြည်တော်ကို ထိုးဖောက်မည်' လို့ ရေးသားထား တာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      သုံးလအတွင်း နေပြည်တော်ကို ထိုးဖောက်မယ်လို့ NUG ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media သတင်းဌာနမှာ မတ်လ ၁၃ ရက်နေ့က ဖော်ပြထားတဲ့ 'တစ်နိုင်ငံလုံးတွင် ထောင်သောင်းချီအင်အားဖြင့် အထွေထွေထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲ၍ စစ်အာဏာသိမ်းမှုအဆုံး သတ်ပေးရန် NUG ကာကွယ်ရေးဝန်ကြီး အသိပေးကြေညာ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      သတင်းထဲမှာ အင်အားထောင်သောင်းချီတဲ့ အထွေထွေ ထိုးစစ်ကြီးတရပ် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲကြပြီး စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေး ကြေညာလိုက်ကြောင်း၊ ဒီပြောကြားမှုကို မတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တပ်မှူးသင်တန်း အပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ကြောင်း ရေးသားထားတာပါ။

      ဒီသတင်းထဲမှာ အင်အား ၄ သိန်းနဲ့ သုံးလအတွင်း နေပြည်တော်ကို ထိုးဖောက်မယ်လို့ ပြောဆိုထားတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

      Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      NUGFakenewsစစ်ကြေညာနေပြည်တော်ကိုသိမ်းသတင်းတု
      Read Full Article
      Claim :   သုံးလအတွင်း နေပြည်တော်ကို ထိုးဖောက်မယ်လို့ NUG ကြေညာတယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!