BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နေတိုးအကြီးအကဲ Roger Cloutier ကို...
သတင်းအတု

နေတိုးအကြီးအကဲ Roger Cloutier ကို ရုရှားဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား

နေတိုးရဲ့ မဟာမိတ်မြေပြင်ကွပ်ကဲရေးဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Roger Cloutier ကို ယူကရိန်းမှာ ရုရှားတပ်တွေက ဖမ်းဆီးလိုက်တယ်လို့ ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတွေလူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  14 April 2022 9:32 PM IST
  • နေတိုးအကြီးအကဲ Roger Cloutier ကို ရုရှားဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို ဧပြီလ ၁၀ ရက်နေ့က စတင်ပြီး မြန်မာအပါအဝင် နိုင်ငံတကာက လူမှုမီဒီယာတွေပေါ်မှာ အများအပြား ဖြန့်ဝေနေတာဖြစ်ပြီးမူရင်းဖြန့်ဝေရာမှာ "မာရီယူပိုလ်က Azov တပ်တွေကို နောက်ကွယ်ကအကူပေး၊ စီစဉ်ညွှန်ကြားနေတဲ့ အမေရိကန် Gen. Cloutier ကို ရုရှားဖက်က ဖမ်းဆီးမိလိုက်ပါပြီ" လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေနေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒုတိယဗိုလ်ချုပ်ကြီး Roger Cloutier ကို ယူကရိန်းမှာ ရုရှားတပ်တွေ ဖမ်းဆီးတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာတွေဟာ သတင်းအမှားသာ ဖြစ်ကြောင်း Reuters သတင်းဌာနမှာ ဧပြီလ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။


    ယူကရိန်းမှာ ဒုတိယဗိုလ်ချုပ်ကြီးအား ဖမ်းမိခဲ့ခြင်း မရှိကြောင်းနဲ့ ယူကရိန်းမြေပြင်မှာ နေတိုးမဟာမိတ် ကွပ်ကဲရေး တပ်ဖွဲ့ဝင်တွေ မရှိဘူးလို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

    နေတိုး မဟာမိတ်ကွပ်ကဲမှုဌာနချုပ်မှ ပြည်သူ့ရေးရာ အရာရှိတစ်ဦးက အခုဖြန့်ဝေနေတာတွေဟာ လုံးဝလွဲမှားနေကြောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး Cloutier ဟာ ယူကရိန်းနိုင်ငံကို 2021 ခုနှစ် ဇူလိုင်လက နောက်ဆုံးသွားရောက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

    သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    RusiaUkarineU.S. generalRussian forces captured U.S. generalမာရီယူပိုလ်Mariupol
    Read Full Article
    Claim :   နေတိုးရဲ့ မဟာမိတ်မြေပြင်ကွပ်ကဲရေးဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Roger Cloutier ကို ယူကရိန်းမှာ ရုရှားတပ်တွေက ဖမ်းဆီး
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!