BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြန်မာ့လက်ဝှေ့ကို အထင်မကြီးဘူးလို့...
သတင်းအတု

မြန်မာ့လက်ဝှေ့ကို အထင်မကြီးဘူးလို့ ထိုင်းလက်ဝှေ့ဖိုက်တာ ပြောတယ်ဆိုတဲ့ သတင်းအမှား

မြန်မာ့လက်ဝှေ့ကို အထင်မကြီးဘူးလို့ ထိုင်းလက်ဝှေ့ဖိုက်တာ ရော့ထန်ပြောဆိုတယ်ဆိုပြီး လုပ်ကြံရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  23 July 2024 1:21 PM IST
  • မြန်မာ့လက်ဝှေ့ကို အထင်မကြီးဘူးလို့ ထိုင်းလက်ဝှေ့ဖိုက်တာ ပြောတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Htet Myat Reaction ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၁၇ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မြန်မာ့လက်ဝှေ့ကို အထင်မကြီးဘူးဆိုတဲ့ မွေ့ထိုင်းဖိုက်တာရော့ထန်' လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဗီဒီယိုအတွင်းမှာတော့ ထိုင်းဖိုက်တာ ရော့ထန်က မွေ့ထိုင်းဖိုက်တာ ရော့ထန်ဟာ မြန်မာတွေကို ပုတ်ခပ်လာတာဖြစ်ကြောင်း၊ မြန်မာ့လက်ဝှေ့ကို လှည့်တောင်မကြည့်ကြောင်းနဲ့ ထိုင်းမီဒီယာတွေက တဆင့် ပြောဆိုခဲ့တာဖြစ်ကြောင်းတွေကို နောက်ခံစကားပြောနဲ့ ပြောဆိုထားတာပါ။

    ဒါ့အပြင် ဇူလိုင်လ ၂၀ ရက်နေ့မှာ တကြိမ် 'မြန်မာ့လက်ဝှေ့ကို အထင်မကြီးဘူးဆိုတဲ့ ရော့ထန်ကို ပြန်လည်ကြိမ်းဝါးလိုက်တဲ့ သံမဏိစိုးလင်းဦး' လို့ ရေးသားကာ နောက်ထပ် တစ်ခါ ထပ်မံဖြန့်ဝေထားပါသေးတယ်။


    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မြန်မာ့လက်ဝှေ့ကို အထင်မကြီးဘူးလို့ ထိုင်းလက်ဝှေ့ဖိုက်တာ ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီဖြန့်ဝေမှုဟာ ဝင်ရောက်ကြည့်ရှု့သူတွေ များအောင် တမင်လိမ်ညာ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။

    ဗီဒီယိုကလစ်ထဲမှာ မွေ့ထိုင်းဖိုက်တာ ရော့ထန်ပုံတွေကို အသုံးပြုပြီး နောက်ခံစကားပြောနဲ့သာ ပြောဆိုထားတာဖြစ်ပြီး ရော့ထန်‌ ပြောဆိုနေတဲ့ အင်တာဗျူး (သို့မဟုတ်) ထိုင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို ပြန်လည်ပြဆိုထားနိုင်တာ မတွေ့ရပါဘူး။

    ဒါ့အပြင် မြန်မာ့လက်ဝှေ့ ဖိုက်တာ စိုးလင်းဦး ပြန်လည်ကြိမ်းဝါးလိုက်တယ်ဆိုတဲ့ အချက်ဟာလည်း သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာတွေကို ထိုင်းနိုင်ငံရဲ့ တရားဝင်မီဒီယာတွေမှာ ဖော်ပြထားတာ မရှိသလို မြန်မာဘက်က သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    လတ်တလော အွန်လိုင်းမီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ စိုးလင်းဦးက ထိုင်းဖိုက်တာ ရော့ထန်နဲ့ ထိုးချင်ကြောင်း၊ ထိုင်းပရိတ်သတ်နဲ့ မြန်မာပရိတ်သတ်ကလည်း တွေ့စေချင်ကြနေတယ်၊ စီစဉ်သူကလည်း သဘောကျနေတဲ့အတွက် ရော့ထန်နဲ့ မကြာမီ ထိုးဖြစ်မယ်လို့ ထင်ကြောင်း၊ ရော့ထန်နဲ့ ထိုင်းခွင့်ရရင် သူ့အနေနဲ့ ခံစားခွင့်တွေ အများကြီးတိုးလာနိုင်ကြောင်း၊ One Championship မှာ ခါးပတ်လုခွင့် ရအောင် ကြိုးစားသွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

    လက်ရှိမှာ စိုးလင်းဦးအနေနဲ့ ဒီလအစောပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ One Championship ရဲ့ Friday Fight မွေထိုင်းပြိုင်ပွဲမှာ ထိုင်းရိုးရာလက်ဝှေ့သမား Pongsiri ကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့ပြီး အပိုဆုကြေး ဘတ် ၃ သိန်းခွဲအပြင် အမေရိကန် ဒေါ်လာတစ်သိန်းတန် စာချုပ်ချုပ်ဆိုထားပါတယ်။

    Tags

    Burmese boxingMuay Thai fighterမွေ့ထိုင်းဖိုက်တာမြန်မာ့လက်ဝှေ့FakenewsMyanmar Lethwei
    Read Full Article
    Claim :   မြန်မာ့လက်ဝှေ့ကို အထင်မကြီးဘူးလို့ ထိုင်းလက်ဝှေ့ဖိုက်တာ ပြောတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!