BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မင်းမော်ကွန်း နေပြည်တော်ကို...
သတင်းအတု

မင်းမော်ကွန်း နေပြည်တော်ကို ရောက်နေပြီလို့ ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား

ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်း ရုပ်ဖျက်ကာ နေပြည်တော်ကို ရောက်နေပြီလို့ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  31 July 2022 8:28 PM IST
  • မင်းမော်ကွန်း နေပြည်တော်ကို ရောက်နေပြီလို့ ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီသတင်းကို ဇူလိုင် ၃၀ ရက်နေ့ ညပိုင်းကစတင်ပြီး သတင်းအမှားတွေ ဖြန့်ဝေလေ့ရှိတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဖြန့်ဝေလာတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေနေမှုတွေ ရှိနေသလို ကြည့်ရှု့သူအရေအတွက်လည်း များပြားပါတယ်။

    ဖြန့်ဝေရာမှာ "မင်းမော်ကွန်း ရုပ်ဖျက်ပြီးနေပြည်တော်ရောက်နေပြီ။ အားလုံးထင်နေကြသလို မဟုတ်ဘူး။ ရုပ်ဖျက်ပြီး နေပြည်တော်ရောက်နေတဲ့ မင်းမော်ကွန်း။ မအလ စားကောင်းမစားရတော့ဘူး။" လို့ ရေးသား ဆယ်မိနစ်ကျော်ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ဖြန့်ဝေနေတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှား

    ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲမှာ ရောက်ရှိနေတဲ့ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ အင်တာဗျူးတစ်ခုကို ပြန်လည်ထည့်သွင်းထားတာ ဖြစ်ပါတယ်။

    သရုပ်ဆောင်မင်းမော်ကွန်းဟာ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဇူလိုင် ၃၀ ရက်က ပြုလုပ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက သေဒဏ်စီရင်မှုခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုပွဲကို ပါဝင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။


    မဲလ်ဘုန်းမြို့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှာ သရုပ်ဆောင်မင်းမော်ကွန်း ပါဝင်တက်ရောက်ခဲ့တဲ့အကြောင်းကို သတင်းဌာနတွေမှာလည်း ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    အခုဖြန့်ဝေနေတာတွေဟာ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် လုပ်ကြံသတင်းတွေ မကြာခဏ ဖြန့်ဝေလေ့ရှိတဲ့ ဖေစ့်ဘွတ်ပေချ့်တွေက လုပ်ကြံရေးသားဖြန့်ဝေနေတဲ့ သတင်းအမှားတွေ ဖြစ်ပါတယ်။

    Tags

    Fakenewsစစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲMilitary CoupMelbourneAustraliaMovie star disguiseမင်းမော်ကွန်း ရုပ်ဖျက်
    Read Full Article
    Claim :   ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်း ရုပ်ဖျက်ကာ နေပြည်တော်ကို ရောက်နေပြီ။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!