BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်ကောင်စီရဲ့ ဒုံးနဲ့...
      သတင်းအတု

      စစ်ကောင်စီရဲ့ ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ၅၀၀ ကျော် ကျဆုံးတယ်ဆိုတဲ့ သတင်းအမှား

      စစ်ကောင်စီက ဒုံးပျံနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရခိုင့်တပ်တော် AA ဘက်မှ တပ်ဖွဲ့ဝင် ၅၀၀ ကျော် ကျဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  24 Feb 2024 5:37 PM IST
    • စစ်ကောင်စီရဲ့ ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ၅၀၀ ကျော် ကျဆုံးတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Moemyint Julyhtet ဆိုတဲ့ ဖေစ့်ဘွတ်အကာင့်မှာ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး စစ်ကောင်စီလော်ဘီ အကောင့်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာလည်း ကူးယူဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ မီးလောင်ပေါက်ကွဲထားတဲ့ နေရာကို ရိုက်ယူထားတဲ့ ဓာတ်ပုံ ၂ ပုံနဲ့အတူ ‘Feb 20 တပ်မတော်က ပစ်လိုက်တဲ့ ဒုံးပျံ။ အသံကြားတယ် မမြင်လိုက်ရဘူး။ မီးတန်းကြီး။ အသံက ဟီးနေတာဆိုဘဲ။ မနက်ကျ သွားစပ်စုလိုက်တာ အပစ်ခံလိုက်ရတဲ့ နေရာက ပုံထဲက အတိုင်းဖြစ်သွားတယ်။ ရခိုင်မှာ’ လို့ ရေးသားထားပါတယ်။

      ဒီပိုစ့်ကို ပြန်လည်ကူးယူဖော်ပြနေတဲ့ အခြားဖြန့်ဝေမှုတွေမှာတော့ ‘လေယဉ်သံမကြားရပါပဲလျှက် ပစ်မှတ်၁၀ခုအား တပြိုင်နက် ပေါက်ကွဲကျရောက်သည့် ကြောက်မတ်ဖွယ် အသံကြီး ကြားရပီးနောက် AA 500 ကျော် ကျဆုံးကြောင်း သတင်းထွက်လာ

      စစ်ရေးသုံးသပ်သူ အချို့ကတော့ SU30 ရဲ့အစွမ်းဟု ဆိုနေကြပါသည်’ လို့ ရေးသားဖြန့်ဝေနေပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဖြန့်ဝေထားတဲ့ အကြောင်းအရာထဲက ဓာတ်ပုံတွေကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံ ဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေဟာ People's Spring သတင်းဌာနမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ဖော်ပြထားတဲ့ 'လေကြောင်းပစ်ခတ်မှုကြောင့် မိုင်းတွင်လုပ်ငန်းခွင်ထဲက တရုတ်နိုင်ငံသားတစ်ချို့ ထိခိုက်သေဆုံး' ဆိုတဲ့ သတင်းက ဓာတ်ပုံတွေကို ကူးယူထားတာ ဖြစ်ပါတယ်။


      ဒီဓာတ်ပုံတွေဟာ လက်ရှိ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ဓာတ်ပုံတွေ မဟုတ်ပါဘူး။ ဒီပုံတွေဟာ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေအတွင်းက သတ္တုမိုင်းတွင်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် မိုင်းတွင်းလုပ်ငန်းခွင်က တရုတ်နိုင်ငံသား (၃) ဦး သေဆုံးခဲ့ကာ (၈) ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့တယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။

      People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      Tags

      လေကြောင်းတိုက်ခိုက်မှုဗုံးကြဲတိုက်ခိုက်500 AA troopsFake ImagesFakenewsmissile attackSU30
      Read Full Article
      Claim :   စစ်ကောင်စီရဲ့ ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ၅၀၀ ကျော် ကျဆုံးတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!