BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တရုတ်ဘက်ကို လက်နက်ကြီးပစ်လို့...
သတင်းအတု

တရုတ်ဘက်ကို လက်နက်ကြီးပစ်လို့ မြန်မာစစ်သား ၃၀၀ ကျော်ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား

တရုတ်ဘက်ကို လက်နက်ကြီးပစ်လို့ မြန်မာစစ်သား ၃၀၀ ကျော်ကို တရုတ်အစိုးရက ဖမ်းချုပ်ထားတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 March 2024 8:53 PM IST
  • တရုတ်ဘက်ကို လက်နက်ကြီးပစ်လို့ မြန်မာစစ်သား ၃၀၀ ကျော်ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MS Story (Myanmar) ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ် ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ်ဘက်ကို လက်နက်ကြီးပစ်လို့ မြန်မာစစ်သား ၃၀၀ ကျော်ကို တရုတ်အစိုးရ ဖမ်းချုပ်ထားလို့ ပွဲဆူကုန်ပြီ။ ၅ ရက်အတွင်း မင်းအောင်လှိုင်ပြုတ်စေရမယ်လို့ ထုတ်ပြန်' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဖြန့်ဝေပြီး ၁၂ နာရီအတွင်းမှာ ဝင်ရောက်ကြည့်ရှု့သူ တစ်သိန်းခွဲနီးပါး ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တရုတ်ဘက်ကို လက်နက်ကြီးပစ်လို့ မြန်မာစစ်သား ၃၀၀ ကျော်ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ မတ်လ ၂၇ ရက်နေ့က ဖော်ပြထားတဲ့ 'တရုတ်နိုင်ငံယူနန်ပြည်နယ်ထဲသို့ မြန်မာဘက်က ပစ်ခတ်လိုက်သော လက် နက်ကြီးကျည် ၂ လုံးကျရောက်မှု တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတာသာ ဖြစ်ပါတယ်။


    တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည် ၂ လုံးကျရောက်ခဲ့တဲ့အတွက် တရုတ်ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် မြန်မာစစ်သား ၃၀၀ ကျော် ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    လက်နက်ကြီးကျChina borderတရုတ်နယ်စပ်ယူနန်ပြည်နယ်သတင်းမှားFakenewsClickbaits
    Read Full Article
    Claim :   တရုတ်ဘက်ကို လက်နက်ကြီးပစ်လို့ မြန်မာစစ်သား ၃၀၀ ကျော်ဖမ်းဆီးခံရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!