BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြန်မာအလှမယ်ကို Miss Grand...
သတင်းအတု

မြန်မာအလှမယ်ကို Miss Grand International က နစ်နာကြေးပေးတယ်ဆိုတဲ့ သတင်းအမှား

မကြာသေးမီက ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အလှမယ်ပြိုင်ပွဲမှာ အငြင်းပွားမှု ဆက်လက်ဖြစ်ပေါ် နေရာက မြန်မာအလှမယ်ကို Miss Grand International (MGI) က နစ်နာကြေး ဒေါ်လာ ၁ သိန်းပေးလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  30 Oct 2024 10:19 PM IST
  • မြန်မာအလှမယ်ကို Miss Grand International က နစ်နာကြေးပေးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို D K TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာ ၂၇ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေ ထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'MGIက အမှားဝန်ခံပြီး သဲသဲကိုဒေါ်လာ ၁သိန်း နစ်နာကြေး ပေးပြီး winnerဆုလည်းပြန်ပေးလိုက်ပါပြီ' လို့ ရေးသားဖြန့်ဝေထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မြန်မာအလှမယ်ကို Miss Grand International က နစ်နာကြေးပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဖေစ့်ဘွတ်ပေါ်မှာ live လွှင့်လေ့ရှိသူ တစ်ဦးက အငြင်းပွားဖွယ်ရာ အလှမယ်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ပြောဆိုထားတဲ့ ဗီဒီယိုဖိုင် ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်ညက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ Miss Grand International(MGI) အလှမယ် ပြိုင်ပွဲဟာ အငြင်းပွားဖွယ်ကိစ္စတွေနဲ့ ဝေဖန်စရာကိစ္စတွေ အများအပြားနဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

    ဒီပွဲမှာ တတိယဆု(second runner up) ရရှိခဲ့တဲ့ မြန်မာအလှမယ် သဲစုငြိမ်းကိုလည်း မသင့်လျော်တဲ့အပြုအမူ၊ စည်းကမ်း ချိုးဖောက်မှုတွေကြောင့် သူရရှိခဲ့တဲ့ ဆုကို ပြန်ရုတ်သိမ်းလိုက်တယ်ဆိုပြီး MGI က အောက်တိုဘာ ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။


    MGI ရဲ့ ထုတ်ပြန်မှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒီအလှမယ် ပြိုင်ပွဲမှာ အိန္ဒိယ အလှမယ် ရာချယ် ဂပ္ပတားက ပထမဆု ရွှေသရဖူကို ရရှိခဲ့ပြီး ဖိလစ်ပိုင် အလှမယ် ဂျူလီယန် အိုပီယာဇာက ဒုတိယဆုရခဲ့တာ ဖြစ်ပါတယ်။

    Tags

    အလှမယ်ပြိုင်ပွဲနစ်နာကြေးအငြင်းပွားမှုဒေါ်လာ ၁ သိန်းFakenewsသတင်းမှားသရဖူရုတ်သိမ်း
    Read Full Article
    Claim :   မြန်မာအလှမယ်ကို Miss Grand International က နစ်နာကြေးပေးတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!