BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နေပြည်တော်ခြောက်လုံးတန်းအိမ်ရာ ကို...
သတင်းအတု

နေပြည်တော်ခြောက်လုံးတန်းအိမ်ရာ ကို ဒရုန်းနဲ့ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား

သန်းရွှေ၊ သိန်းစိန်၊ မင်းအောင်လှိုင်တို့ နေတဲ့ နေပြည်တော်ခြောက်လုံးတန်းအိမ်ရာ ဒရုန်း (၆၈) စင်းနဲ့ တိုက်ခိုက် ခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  17 March 2025 12:11 PM IST
  • နေပြည်တော်ခြောက်လုံးတန်းအိမ်ရာ ကို ဒရုန်းနဲ့ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Local Celegram ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ်လ ၁၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'သန်းရွှေ၊ သိန်းစိန်၊ မင်းအောင်လှိုင်တို့ နေတဲ့ ၆ လုံးတန်း အိမ်ရာ ဒရုန်း (၆၈) စင်းနဲ့ ဆော်လို့ NUG တိုက်ခိုက်မှု ဖြစ်ပြီး ထိခိုက်သေဆုံးမှု များပြား။ MRTV အတည်ပြုလိုက်ပြီ' လို့ ရေးသားထား တာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    နေပြည်တော်ခြောက်လုံးတန်းအိမ်ရာ ကို ဒရုန်းနဲ့ တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာဟာ Khit Thit Media မှာ မတ်လ ၁၅ ရက်နေ့က ဖော်ပြထားတဲ့ 'ကျောက်နီမော်ရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ ပျူစောထီးစခန်းကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ တိုက်ခိုက်မှု အတွင်း စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ နေပြည်တော်ခြောက်လုံးတန်းအိမ်ရာကို ဒရုန်းနဲ့ တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    residentsdrone attackဒရုန်းဗုံးကြဲချသတင်းတုအာဏာရှင်ဟောင်းFakenews
    Read Full Article
    Claim :   နေပြည်တော်ခြောက်လုံးတန်းအိမ်ရာ ကို ဒရုန်းနဲ့ တိုက်ခိုက်တယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!