BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ပုံဟောင်းတွေ အသုံးပြုပြီး စစ်တပ်က...
      သတင်းအတု

      ပုံဟောင်းတွေ အသုံးပြုပြီး စစ်တပ်က အနိုင်ရနေတဲ့ပုံစံ ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား

      ဖြစ်စဉ်အဟောင်းက ဓာတ်ပုံတေွ အသုံးပြုပြီး ကရင်ပြည်နယ်၊ မြဝတီနယ်မြေက DKBA စခန်းကို စစ်တပ်က အနိုင်ရ သိမ်းယူ နိုင်သယောင် ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  27 March 2024 6:50 AM IST
    • ပုံဟောင်းတွေ အသုံးပြုပြီး စစ်တပ်က အနိုင်ရနေတဲ့ပုံစံ ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို ဖေစ့်ဘွတ်ပေါ်မှာ စစ်တပ်ထောက်ခံရေးသားမှုတွေ လုပ်နေတဲ့ မိုး စက် ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ မတ်လ ၁၉ ရက်နေ့ ညနေမှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ မီးလောင်ပျက်စီးမှုတွေကို ရိုက်ယူထားတဲ့ ဓာတ်ပုံတွေနဲ့အတူ 'ဒီလို ပြာပုံဖြစ်သွားပါပြီ။ ကရင် မြဝတီတောင်ခြမ်း က DKBA က စောစလုံး စခန်းကတော့ တပ်မတော်စစ်ကြောင်းတွေရဲ့ တိကျတဲ့ မြေပုံညွန်းပေးမှုကြောင့် လေကြောင်းနဲ့အမြှောက်တပ်

      တွေရဲ့ပစ်ခတ်မှုကြောင့် ပြာပုံဖြစ်သွားပါပြီ။ ခိုလုံနေတဲ့ PDF အဖွဲ့တွေကတော့ သောင်ပြင်မှာလွှတ်တဲ့ ရွှေဟင်္သာလေးတွေ ဖြစ်ကုန် ပါပြီ။ အစိုးရဆိုတာ အစိုးရပါပဲဆိုတာ ပြတာပါ။ သူပုန်ကနိုင်သွားတာဆိုလို့ အာဖကန်က တာလီဗန်တွေပဲရှိပါတယ်။ မြန်မာစစ်တပ်က အာဖကန်လို အမေရိကန်ကို မှီခိုနေရတဲ့ တပ်မတော်မဟုတ်ပါ။ ကိုယ့်အသက်ကိုမနှမျောရင် ဆက်လုပ်ကြရတာ ပေါ့ကွာ' လို့ ရေးသားထားပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေက ပုံဟောင်းတွေ အသုံးပြုပြီး လက်ရှိကရင်ပြည်နယ်တွင်းက တိုက်ပွဲတွေမှာ စစ်တပ်က အနိုင်ရရှိနေသယောင် လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က မြဝတီခရိုင်၊ လေးကေ့ကော်ဒေသ ဖလူးလေးကျေးရွာရှိ DKBA ဗိုလ်စောစလုံး စခန်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်က ဓာတ်ပုံတွေ ဖြစ်ပါတယ်။

      ဒီပုံတွေကို Mizzima သတင်းဌာနမှာလည်း 'DKBA ဗိုလ်စောစလုံးစခန်းရှိ ရုပ်ပွားတော် ၁ ဆူနှင့် ကျောက်စိမ်း ဆင်းတုတော် ၃ ဆူကို စစ်ကောင်စီတပ် ခိုးယူသွား' ဆိုတဲ့ သတင်းမှာလည်း ထည့်သွင်းဖော်ပြခဲ့ပါသေးတယ်။


      Mizzima သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ သတင်းဓာတ်ပုံတွေကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      ဒီလအစောပိုင်းက စတင်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU ) နဲ့ ပူးပေါင်းတပ်တွေဟာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ဆိုတဲ့နေရာမှာရှိတဲ့ စစ်ကောင်စီရဲ့စခန်းတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းအချို့ကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

      စစ်ကောင်စီ ထောက်ခံသူတွေအနေနဲ့ သတင်းတွေဖုံးကွယ်ဖို့ ကြိုးစားရင်း ပုံအဟောင်းတွေကို သုံးပြီး သတင်းအမှားတွေ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့အနီးက စစ်ကောင်စီတပ်ရဲ့ မဲသရောထစခန်းကုန်းကို သိမ်းယူခဲ့သလို မတ်လ ၂၅ ရက်နေ့မှာလည်း ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာက နယ်မြေရဲစခန်းကို သိမ်းယူခဲ့ပါသေးတယ်။

      Tags

      old photosmilitary councilwinning the battlesတိုက်ပွဲနိုင်DKBA စခန်းFakenewsLobbyသတင်းမှား
      Read Full Article
      Claim :   မြဝတီနယ်မြေက DKBA စခန်းကို စစ်တပ်သိမ်းယူ
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!