BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လာရှိုးမြို့ကို...
သတင်းအတု

လာရှိုးမြို့ကို စစ်ကောင်စီဗုံးကျဲတယ်ဆိုတဲ့ သတင်းအမှား

လာရှိုးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကျဲရာက တရုတ်ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေ သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 April 2025 6:31 PM IST
  • လာရှိုးမြို့ကို စစ်ကောင်စီဗုံးကျဲတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Mandalay Khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီလ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လားရှိုးအရေးပေါ်ဖြစ်နေပြီ။ PDF ကဝင်တိုက်လို့ စစ်ကောင်စီ ဗုံးကြဲ။ တရုတ် ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေ သေဆုံး' လို့ ရေးသားထား တာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    လာရှိုးမြို့ကို စစ်ကောင်စီဗုံးကျဲတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Myanmar Now သတင်းဌာနမှာ ဧပြီလ ၂၅ ရက်နေ့က ဖော်ပြထားတဲ့ 'တရုတ်ဝေခြမ်းပေးတဲ့ လားရှိုးအုပ်ချုပ်ရေးအကြောင်း သိရသမျှ' ဆိုတဲ့ သတင်းဆောင်းပါးကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ တရုတ်ဝေခြမ်းပေးတဲ့ လားရှိုးအုပ်ချုပ်ရေးအကြောင်းကို နေပြည်တော်၊ကိုးကန့်နှင့် ဘေဂျင်းတို့က လျှို့ဝှက်ထားကြောင်း၊ စစ်တပ်က လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်ကို အုပ်စိုးစေကြောင်း၊ ကိုးကန့်တပ် MNDAA က ကျေးရွာ ၄၅၀ ကိုအုပ်စိုးစေလို့ တရုတ်က ကြားဝင်စေ့စပ်ပေးခဲ့ကြောင်း တွေ ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ လာရှိုးမြို့ကို စစ်ကောင်စီဗုံးကျဲတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Myanmar Now သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    လားရှိုးတိုက်ပွဲသတင်းတုသတင်းမှားtake over LashioFakenewsMNDAA
    Read Full Article
    Claim :   လာရှိုးမြို့ကို စစ်ကောင်စီဗုံးကျဲတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!