BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်တွေလေဆိပ်တိုက်ခိုက်မှု...
သတင်းအတု

စစ်တွေလေဆိပ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သားအများအပြားသေဆုံးတယ်ဆိုတဲ့ သတင်းအမှား

စစ်တွေလေဆိပ်ကို ညီနောင်မဟာမိတ်တပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြား သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  24 Jan 2024 9:28 PM IST
  • စစ်တွေလေဆိပ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သားအများအပြားသေဆုံးတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာတွေကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Viral Video 704 ဆိုတဲ့ ပေချ့်မှာ ဇန်နဝါရီ ၁၆ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ‘စိတ်ခိုင်မှဝင်ကျိ အပုံလိုက်ကြီးဘဲဗျာ။ စစ်တွေလေဆိပ် ညီနောင်တွေဝင်ဗျင်း’ လို့ ဖြန့်ဝေထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်တွေလေဆိပ်ကို ညီနောင်မဟာမိတ်တပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြား သေဆုံးတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသား ထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ စစ်တွေလေဆိပ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှု ရှိနိုင်ကြောင်း လေဆိပ် အရင်းအမြစ်ဆီက သိရတယ်ဆိုတဲ့ အကြောင်းအရာကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။

    ရခိုင်ပြည်နယ် စစ်တွေလေဆိပ်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၈ နာရီဝန်းကျင်က ဒရုန်းဖြင့် Drop bomb ချခဲ့ခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပြီးဖြစ်ပါတယ်။

    အချို့သတင်းဌာနတွေမှာ ဖော်ပြထားချက်အရ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကြောင်း သိရတယ်လို့ ဖော်ပြထားပေမယ့် သတင်းဌာနရဲ့ သီးခြားအတည်ပြုချက် ရယူနိုင်မှု မရှိကြောင်း သတင်းထဲမှာ ဖော်ပြထားပါတယ်။

    DVB သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    စစ်ကောင်စီဝါဒဖြန့်သတင်းတွေ ဖော်ပြနေတဲ့ NP News အွန်လိုင်းသတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာတော့ ဇန်နဝါရီ ၁၅ ရက်ည ၈ နာရီခန့်က စစ်တွေလေဆိပ်အနီးမှာ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရကြောင်းနဲ့ ဖြစ်စဉ်တွင် လုံခြုံရေးအဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရေးသားထားပါတယ်။

    Tags

    စစ်တွေလေဆိပ်Airport attackညီနောင်မဟာမိတ်တပ်ဒရုန်းDrop bomb attackFakenews
    Read Full Article
    Claim :   စစ်တွေလေဆိပ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သားအများအပြားသေဆုံးတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!