BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပုံဟောင်းတွေ အသုံးပြုပြီး ကရင်နီ...
သတင်းအတု

ပုံဟောင်းတွေ အသုံးပြုပြီး ကရင်နီ KNDF တပ်ဖွဲ့ဝင်တွေ ကျဆုံးတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

ပုံဟောင်းတွေအသုံးပြုပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်တွေ တိုက်ပွဲမှာ ကျဆုံးနေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 March 2024 8:55 PM IST
  • ပုံဟောင်းတွေ အသုံးပြုပြီး ကရင်နီ KNDF တပ်ဖွဲ့ဝင်တွေ ကျဆုံးတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံ ရေးသား ဝါဒဖြန့်နေတဲ့ တယ်လီဂရမ်နဲ့ ဖေစ့်ဘွတ် ပေချ့်တွေ၊ အကောင့်တွေမှာ မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေနေကြတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ စစ်ယူနီဖောင်း ဝတ်စုံဝတ်ဆင်ထားသူ အများအပြား သေဆုံးနေတဲ့ ဓာတ်ပုံအချို့နဲ့အတူ 'အဘ တို့ ရဲ့ ၇၉ နှစ်မြောက် တပ်မတော်နေ့ လက်ဆောင်။ 28.3.2024 ကယာပြည်နယ် KNDF ပဒတ်တွေပါ။ ဟိုဖက်ရပ်ကွက် က ပြောလိုက်ရင်တခါမှ မသေဘူးနဲ့။ ဒါတနေရာထဲပဲဖော်ပြသေးတာပါ။ မနေ့က ဒီကြယ်တွေ ကြွေပီး တန်းစီ အိပ်နေကြတာ မိုးလင်းပီ စစ်တိုက်ဖို့ ထကြတော့လို့ လူသေတာကိုအားရလို့တော့မဟုတ်ဘူး' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို BOOM က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေဘက်က လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေရဲ့ မူရင်းပုံကို မသိရှိရပေမယ့် စစ်တပ်ထောက်ခံတဲ့ သတင်းတွေ ရေးသားဖော်ပြလေ့ရှိတဲ့ 'ပြည်ချစ်သား News' ဆိုတဲ့ ဝက်ဆိုက်မှာ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက ဖော်ပြထားတဲ့ ဓာတ်ပုံတွေ ဆိုတာ တွေ့ရပါတယ်။


    ဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ တယ်လီဂရန်ူချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    KNDF တပ်ဖွဲ့ဝင်တိုက်ပွဲကျFakenewsLobbyစစ်တပ်လော်ဘီတပ်မတော်နေ့old photosmilitary council
    Read Full Article
    Claim :   ကရင်နီ KNDF တပ်ဖွဲ့ဝင်အမြောက်အများ ကျဆုံးတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!