BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ချစ်သူကောင်မလေးကို ကယ်ရာမှ...
သတင်းအတု

ချစ်သူကောင်မလေးကို ကယ်ရာမှ မီးလောင်ခံရပြီး ရုပ်ပျက်သွားတဲ့ ကောင်လေးဆိုတဲ့ သတင်းအမှား

မီးထဲရောက်နေတဲ့ ချစ်သူကောင်မလေးကို ဝင်ရောက် ကယ်ဆယ်ရာက ရုပ်ပျက်သွားလို့ လမ်းခွဲခံခဲ့ရတဲ့ ကောင်လေးဆိုပြီး ဖြန့်ဝေနေတဲ့ ဗီဒီယိုထဲက အကြောင်းအရာဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  14 Dec 2023 3:15 PM IST
  • ချစ်သူကောင်မလေးကို ကယ်ရာမှ မီးလောင်ခံရပြီး ရုပ်ပျက်သွားတဲ့ ကောင်လေးဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Collect TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ချစ်သူ​ကောင်မ​လေး မီး​လောင်တာကို ကယ်ဆယ်ခဲ့ရာက ရုပ်ပျက်ဆင်းပျက် ဖြစ်သွားလို့ လမ်းခွဲခံရတဲ့ ​ကောင်​လေး’ လို့ ရေးသားထားတာပါ။

    ဗီဒီယိုထဲမှာ လက်တစ်ဘက် ပြတ်ပြီး ရုပ်ပျက်နေသူ တစ်ဦးနဲ့ ဘတ်စကတ်ဘော ဘောလုံးကိုင်ထားသူ နှစ်ဦးရဲ့ ဓာတ်ပုံနဲ့ ရုပ်သံဖိုင်တွေကို အသုံးပြုကာ နောက်ခံစကားပြောနဲ့ ‘မီးထဲရောက်နေတဲ့ ချစ်သူကောင်မလေးကို ဝင်ကယ်ရာမှ ယခုလိုဖြစ်သွားတဲ့ မော်ဒယ်ကောင်လေး။ ချစ်သူကောင်မလေးကို မီးလောင်တိုက်ထဲက ကယ်ဆယ်ခဲ့တဲ့ အမျိုးသားဟာ လက်နှစ်ဘက် ဖြတ်ထုတ် ခဲ့ရကြောင်း၊ မျက်နှာ စုတ်ပြတ်သွားပြီး ရုပ်ပျက်သွားကြောင်း၊ မီးလောင်ဒဏ်ရာတွေကြောင့် ရုပ်ပျက်သွားတဲ့အတွက် သူချစ်သူက စွန့်ပြစ်သွားကြောင်း၊ သူ့ရဲ့ ချစ်ခြင်း မေတ္တာဟာ ကြီးမားကြောင်း၊ သူ့ကို တချို့က ဂုဏ်ပြုခဲ့ကြောင်း၊ သူ့ရဲ့ ဒဏ်ရာတွေကြောင့် လူအများကြားမှာ မနေတော့ပဲ တစ်ဦးတစ်ယောက်တည်း ခွဲနေထိုင်နေကြောင်း’ တွေ ပြောဆိုထားတာပါ။

    ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းမှားသာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

    ဒီအကြောင်းအရာကို TikTok အသုံးပြုသူတွေကြားမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်း ကတည်းက ဖြန့်ဝေနေတာပါ။

    အမှန်တော့ ဒီဗီဒီယိုထဲမှာက မီးမလောင်ခင် ကောင်လေးဆိုပြီး ပြသနေတာတင် လူနှစ်ယောက်ဖြစ်နေပါတယ်။

    ပထမ တစ်ယောက်အကြောင်းကို နောက်ခံစကားပြောသူက ‘ဒီကောင်လေးရဲ့ အရင်ရုပ်က ဒီပုံဖြစ်ပါတယ်’ ဆိုပြီး ပုံတစ်ပုံ ပြသခဲ့ပါတယ်။ ပြသခဲ့တဲ့ ပုံဟာ AI နည်းပညာနဲ့ ဖန်တီးထားပြီး Kim Yosh လို့ နာမည်ပေးထားတဲ့ ပုံတွေသာ ဖြစ်ပြီး ဒီပုံတွေကို အသုံးပြုပြီး မီးလောင်တဲ့ ကောလဟလ အမှားတွေ ဖြန့်နေတာသာ ဖြစ်ပါတယ်။

    အောက်ပါပုံမှာ ညာဘက်က Kim Yosh အကြောင်းကို ရှင်းလင်းထားတာ ဖြစ်ပြီး သူဟာ တကယ့် လူအစစ် မဟုတ်ကြောင်း၊ AI နည်းပညာနဲ့ ဖန်တီးထားတာသာ ဖြစ်ကြောင်း ရေးထားပါတယ်။


    ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်သလို အင်တာနက်ပေါ်မှာ Kim Yosh လို့ ရေးသား ရှာဖွေကြည့်လို့ ရပါတယ်။

    ဗီဒီယိုရဲ့ အလယ်လောက်မှာ မီးမလောင်ခင် ကောင်လေးဆိုပြီး ထပ်မံ ပြသလာတာကတော့ Huo FanFan ဆိုတဲ့ ဖေစ့်ဘွတ် အကောင့်ပိုင်ရှင်ဖြစ်ပြီး သူရဲ့ ဖေစ့်ဘွတ်ပေါ်မှာ ရေးထားချက်အရ သူက တရုတ်ပြည် ရှန်ဟိုင်းမြို့မှာ နေသူဖြစ်ပြီး Shanghai Hongqiao International Airport (ရှန်ဟိုင်းလေဆိပ်) မှာ အလုပ်လုပ်သူဖြစ်တယ်လို့ သိရပါတယ်။

    အောက်ပါပုံမှာ ကြည့်ရင် Huo FanFan ဆိုတဲ့ ဖေစ့်ဘွတ် အကောင့်ပိုင်ရှင်ဟာ ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေမှာ သူ့ရဲ့ အကောင့်မှာ ပုံတွေ တင်ထားတာ တွေ့ရမှာပါ။


    Huo FanFan ဆိုတဲ့ ဖေစ့်ဘွတ် အကောင့်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Huo FanFan အကောင့်ပိုင်ရှင်ကိုယ်တိုင်လည်း သူ့ပုံတွေ သုံးပြီး ဒီဗီဒီယိုကို ဘာလို့ လုပ်ခဲ့တယ်မသိကြောင်းနဲ့ တစ်တော့မှာ ဒီဗီဒီယို ပေါက်ခဲ့ကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့က ပိုစ့်တင်ပြီး ရေးသားထားပါတယ်။


    ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် အခုဖြန့်ဝေနေတဲ့ ဗီဒီယိုဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။

    Tags

    မီးလောင်ဒဏ်ရာrescued girlfriend from a burning buildingSaving GirlfriendFake VisualsAIFake video
    Read Full Article
    Claim :   ချစ်သူကောင်မလေးကို ကယ်ရာမှ မီးလောင်ခံရပြီး ရုပ်ပျက်သွားတဲ့ ကောင်လေး စွန့်ပစ်ခံရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!