BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • CDM လုပ်ခဲ့တဲ့...
သတင်းအတု

CDM လုပ်ခဲ့တဲ့ ဗိုလ်မှူးမျိုးမင်းထွန်း စစ်ကြောရေးမှာ အသတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

CDM လုပ်ခဲ့ပြီး စစ်ကောင်စီနဲ့ ပြန်လည်ပူးပေါင်းသွားတဲ့ ဗိုလ်မှူးမျိုးမင်းထွန်း စစ်ကြော‌ရေးမှာ အသတ်ခံရတယ်ဆိုတဲ့ သတင်းအပါအဝင် NUG က ဗိုလ်မှူးမျိုးမင်းထွန်းကို အပြတ်ရှင်းပြီဆိုပြီး ရေးသားဖော်ပြနေတဲံအကြောင်းအရာတွေဟာ လုပ်ကြံဖြန့်ဝေထားတဲ့ သတင်းအမှားတွေသာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  8 Oct 2022 9:03 AM IST
  • CDM လုပ်ခဲ့တဲ့ ဗိုလ်မှူးမျိုးမင်းထွန်း စစ်ကြောရေးမှာ အသတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာတွေကို အောက်တိုဘာလ ၇ ရက်နေ့မှာ စတင်ပြီး သတင်းအမှားတွေ ဖြန့်ဝေလေ့ရှိတဲ့ သတင်းမီဒီယာ အမည်ခံ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ အခုဖြန့်ဝေနေတဲ့ အကြောင်းအရာတွေဟာ ဗိုလ်မှူးမျိုးမင်းထွန်းနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလဟလ အမျိုးမျိုးအပေါ် အခြေခံပြီး လုပ်ကြံဖန်တီးပြီး ဖြန့်ဝေနေတာဖြစ်ပါတယ်။

    အချို့ဖြန့်ဝေမှုတွေမှာ 'ဗိုလ်မှူးမျိုးမင်းထွန်း စစ်ကြောရေးမှာ ဇာတ်သိမ်းသွားပြီ။ CDM အယောင်ဆောင် သစ္စာဖောက် ဗိုလ်မှူးကြီး မျိုးမင်းထွန်း စစ်ကြောရေးမှာ သတ်ဖြတ်လိုက်ပြီ' ဆိုတဲ့ခေါင်းစဉ်တွေနဲ့ဖြန့်ဝေထားတာတွေ့ရပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။အချို့ဖြန့်ဝေမှုတွေမှာတော့ 'သူလျှို ဗိုလ်မှူးမျိုးမင်းထွန်းအား NUG အပြတ်ရှင်းပြီ' ဆိုပြီး ရေးသားဖြန့်ဝေနေတာပါ။


    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ယခုနှစ် မတ်လအတွင်းက CDM ဝင်ခဲ့သော ပဲခူးတိုင်း၊ ကျောက်ကြီးမြို့အခြေစိုက် ခမရ ၃၅၁ ရဲ့ တပ်ရင်းမှူး ဗိုလ်မှူး မျိုးမင်းထွန်းဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က ပျောက်ဆုံးခဲ့ပါတယ်။

    စစ်ကောင်စီလက်အောက်သို့ ပြန်လည် ခိုလှုံသွားတဲ့ ဗိုလ်မှူး မျိုးမင်းထွန်းက အောက်တိုဘာလ ၅ ရက်နေ့မှာတော့ စစ်ကောင်စီ သြဇာခံ မီဒီယာတွေကနေတဆင့် သူမှားယွင်းခဲ့ကြောင်းနဲ့ စစ်တပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီမိုကရေစီအင်အားစုတွေက CDM ပြုလုပ်ဖို့ စည်းရုံးမှုတွေကို လက်မခံကြဖို့ ပြောကြားခဲ့ပါတယ်။

    အခုဖြန့်ဝေနေတာတွေဟာ စစ်ကောင်စီ သြဇာခံ မီဒီယာတွေမှာ ဗိုလ်မှူးမျိုးမင်းထွန်း ပြောဆိုနေတဲ့ ဗွီဒီယိုဖိုင်ကို ပြန်လည် ဖြန့်ဝေနေတာသာ ဖြစ်ပြီး ဗိုလ်မှူးမျိုးမင်းထွန်းကို စစ်ကြောရေးမှာ သတ်ဖြတ်လိုက်ပြီဆိုတဲ့ အကြောင်းနဲ့ NUG အပြတ်ရှင်းပြီ ဆိုတဲ့ အကြောင်းအရာတွေ ပါဝင်ခြင်းမရှိပါဘူး။

    လူအများ စိတ်ဝင်စားအောင် ခေါင်းစဉ်ကို လုပ်ကြံဖန်တီးထားတာသာ ဖြစ်ပါတယ်။ဗိုလ်မှူးမျိုးမင်းထွန်းကို စစ်ကြောရေးမှာ သတ်ဖြတ်လိုက်ပြီဆိုတဲ့ အကြောင်းနဲ့ NUG အပြတ်ရှင်းပြီ ဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ယုံကြည်စိတ်ချရတဲ့ မည်သည့် သတင်းမီဒီယာမှာမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။

    ဒါပေမယ့် ဗိုလ်မှူးမျိုးမင်းထွန်းရဲ့ လုပ်ရပ်အပေါ် ပြည်ပရောက် CDM စစ်သည်တွေက ရှုံ့ချခဲ့ပြီး ပြည်သူ့သစ္စာဖောက်တစ်ဦးအဖြစ် သတ်မှတ်ကြောင်း အောက်တိုဘာ ၇ ရက်နေ့ မှာ ကြေညာချက်ထုတ်ပြန်ခဲ့တာတော့ ရှိပါတယ်။


    ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်း၊ People's Soldiers Defense Force နဲ့ Breaking Brain Washed အဖွဲ့ ၅ ဖွဲ့ရဲ့ စုပေါင်းထုတ်ပြန်ချက်မှာ ဗိုလ်မှူး မျိုးမင်းထွန်းကို တော်လှန်ရေးအင်အားစုတွေက အဆင့်မြင့်အရာရှိတစ်ဦးအဖြစ် ကောင်းမွန်သက်သာစွာနေထိုင်နိုင်ဖို့ စီစဉ်ကူညီခဲ့ကြောင်း၊ လွတ်မြောက်နယ်မြေမှာ နေထိုင်စဉ်အတွင်း သူ့ကို NUG အပါအဝင် မည်သည့်အဖွဲ့အစည်း လူပုဂ္ဂိုလ်ကမှ ဖိအားပေးပြောဆို စေခိုင်းခဲ့တာ မရှိဘဲ သူ့ဆန္ဒအတိုင်း မီဒီယာတွေကို ပြောကြားခဲ့ခြင်းသာဖြစ်ကြောင်း၊ ဒါ့အပြင် အခု စစ်ကောင်စီထံပြန်လည် သွားရောက်ပြီးချိန်မှာလည်း စစ်ကောင်စီ အမိန့်ပေးစေခိုင်းတဲ့အတိုင်း လိမ်ညာပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ ဒါကြောင့် ဗိုလ်မှူး မျိုးမင်းထွန်းကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်း စသဖြင့် ဖော်ပြထားပါတယ်။

    ဒီသတင်းကို RFA သတင်းဌာနမှာ အောက်တိုဘာ ၇ ရက်နေက ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    CDM စစ်သည်ပြည်သူ့သစ္စာဖောက်Major Myo Min TunFakenewsMilitary CouncilMilitary coupFake Page
    Read Full Article
    Claim :   CDM လုပ်ခဲ့ပြီး စစ်ကောင်စီနဲ့ ပြန်လည်ပူးပေါင်းသွားတဲ့ ဗိုလ်မှူးမျိုးမင်းထွန်း စစ်ကြော‌ရေးမှာ အသတ်ခံရ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!