BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကိုင်းတိုင်းမှာ KIA တပ်ဖွဲ့တွေက...
သတင်းအတု

စစ်ကိုင်းတိုင်းမှာ KIA တပ်ဖွဲ့တွေက မီးရှို့နေသယောင် ဖြန့်ဝေနေတဲ့ သတင်းအမှား

ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ကိုင်းတိုင်းဒေသအတွင်း ရွာတွေကို မီးရှို့နေသယောင်ဖြန့်ဝေကာ လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားအောင် တမင်လုပ်ကြံ ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  26 Aug 2023 5:32 PM IST
  • စစ်ကိုင်းတိုင်းမှာ KIA တပ်ဖွဲ့တွေက မီးရှို့နေသယောင် ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို စစ်တပ်လော်ဘီလုပ်တဲ့အကြောင်းအရာတွေနဲ့ လက်ရှိတော်လှန်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာ ဘာသာရေးနဲ့ဆွဲချိတ်ရေးသားတဲ့ပို့စ်တွေဖြန့်ဝေနေတဲ့ May Yu Mg ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဩဂုတ်လ ၂၅ ရက် နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ စစ်ကိုင်းတိုင်းကို KIA ဘာကြောင့် အများဆုံး မီးရှို့နေတာလဲ ဆိုပြီးခေါင်းစဉ်နဲ့အတူ ‘ဗမာဒေသတွေထဲမှာ စစ်ကိုင်းတိုင်းဟာ အညာသူအညာသားတွေ ပေါတယ်ဆိုတာ KIA က သိထားကြောင်း၊ KIA ခြေကုပ်ယူထားတဲ့ ကချင်ပြည်နယ်နဲ့ နယ်မြေထိစပ်တဲ့အတွက် ဝါဒဖြန့်တာတွေ အလွယ်တကူလုပ်နိုင်ကြောင်း၊ လူမျိုးကြီးဝါဒစွဲနေတဲ့ KIA အတွက် ဗမာရွာတွေချည်း ဖြစ်နေတဲ့အတွက် ကချင်တွေထိခိုက်မှာမျိုး မပူပင်ရကြောင်း၊ ဗမာတိုင်းရင်းသားတွေ အပေါ် အညှိုးနဲ့ အနိုင်ကျင့်သတ်ဖြတ်မှုတွေ ပြုလုပ်ရင်တောင် တားမြစ်မယ့်သူ မရှိကြောင်း၊ ဗမာရွာတွေကို တိုက်ပွဲဖြစ်ပွားတိုင်း မီးရှို့ဖျက်စီးနိုင်ပြီး စစ်တပ်ကို ပုံချနိုင်ကြောင်း’ စတဲ့ လူမျိုးရေးကိုဦးတည်တဲ့ ရေးသားဖြန့်ဝေမှုတွေပါဝင်လာပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ငြိမ်ဝပ် သွားအောင် ဖိနှိပ်ဖို့အတွက် ရွာလုံးကျွတ်မီးရှို့တဲ့ဖြစ်စဉ်အမြောက်အများနိုင်ငံအအနှံ့မှာရှိခဲ့ပါတယ်။ ဒီနှစ်ထဲမှာပဲ စစ်ကိုင်းတိုင်းအတွင်း နေအိမ်အလုံးရေ ငါးသောင်းကိုးထောင်ကျော်မီးရှို့ဖျက်စီးခံခဲ့ရပြီး အခုနှစ်ခြောက်လတာအတွင်းမီးရှို့ဖျက်စီးခံရမှုတွေရဲ့ ၈၄ ရာခိုင်နှုန်းကျော်က မီးရှိုစစ်ကိုင်းတိုင်းအတွင်းဖြစ်ပွားခဲ့တာဖြစ်ကြောင်း ISP Myanmar က စုစောင်းထားတဲ့အချက်အလက်တွေမှာဖေါ်ပြထားပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့အထိ စာရင်းအရ နေအိမ်ပေါင်း ၇၄၈၇၈ လုံး မီးရှို့ခဲ့ပြီး ဒီထဲမှာ စစ်ကိုင်းတိုင်းအတွင်းက နေအိမ် ၅၇၅၀၃ လုံး ပါဝင်တယ်လို့ လွတ်လပ်သော သုတေသနအဖွဲ့ Data For Myanmar ရဲ့ ဒီလအစောပိုင်းက သတင်းထုတ်ပြန်ထားပါသေးတယ်။


    ဒီအချက်အလက်တွေကို သတင်းမီဒီယာတွေနဲ့ ဒေသဆိုင်ရာ သတင်းမှန်ပြန်ကြားရေးအဖွဲ့တွေမှာ ဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းတွေ၊ လူအခွင့်အရေးအဖွဲ့တွေနဲ့ ဒုက္ခသည်ကူညီရေး အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ စာရင်းတွေကို အခြေခံပြီး တွက်ချက်ထားတာ ဖြစ်ကြောင်း၊ အချို့မီးရှို့ခံရမှု ဖြစ်စဉ်တွေမှာ အရေအတွက်နဲ့ နေ့စွဲတွေ မပြည်စုံတဲ့အတွက် ချန်လှပ်ထားခဲ့ရတာဖြစ်တဲ့အတွက် အမှန်တကယ် အရေအတွက်မှာ ပိုမိုများပြားနိုင်ကြောင်း Data For Myanmar က ဖော်ပြထားပါတယ်။

    Data For Myanmar က ဖော်ပြထားတဲ့ စာရင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် စစ်တပ်လက်အောက်ခံ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဖြန့်ဝေနေတာတွေဟာလူမျိုးရေးကို ဦးတည်စေတဲ့ အရေးအသားတွေနဲ့ မူရင်းဖြစ်စဉ်တွေကနေသွေဖယ်နေတဲ့ အချက်အလက်အတုတွေကိုဖြန့်ဝေနေတာဖြစ်ပါတယ်။

    Tags

    ဝါဒဖြန့်burning in SagaingFakenewsစစ်တပ်လော်ဘီလူမျိုးရေးပဋိပက္ခConflitMilitary coupMilitary council
    Read Full Article
    Claim :   စစ်ကိုင်းတိုင်းအတွင်းမှာ KIA တပ်ဖွဲ့တွေက မီးရှို့နေတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!