BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လက်သည်းပြုပြင်ဆိုင်တွေ ကနေ HIV...
သတင်းအတု

လက်သည်းပြုပြင်ဆိုင်တွေ ကနေ HIV ကူးစက်နိုင်သလား

လက်သည်း အလှပြုပြင်ဆိုင်တွေမှာရှိတဲ့ လက်သည်းညှပ် ကိရိယာတွေကို ပိုးသေချာမသတ်ပါက HIV ပိုးရှိနေနိုင်ပြီး အခြားသူရဲ့ ပေါက်ပြဲ အရေပြားကတဆင့် ရောဂါကူးစက်နိုင်ကြောင်းဖြေဆိုထားတဲ့ အင်တာဗျုးမှာ အချက်အလက်မှားတွေပါဝင်နေပြီး ဒီလိုဖြစ်စဉ်နဲ့ပတ်သက်လို့ ခိုင်လုံတဲ့သုတေသနနဲ့ အထောက်အထားတွေမရှိသေးပါဘူး။

By - Boom Live Myanmar |
Published -  14 Jan 2025 9:04 AM IST
  • လက်သည်းပြုပြင်ဆိုင်တွေ ကနေ HIV ကူးစက်နိုင်သလား

    ဒီအကြောင်းအရာကို Myanmar Celebrity ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး အဲ့ဒီကနေတဆင့် နောက်ထပ်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

    မူရင်းဗီဒီယိုဖိုင်မှာ ဒေါက်တာစိမ့်စမ်းဖြူ ဆိုသူနဲ့ အမေးအဖြေဗီဒီယိပါဝင်ပြီး ‘လက်သည်း အလှပြုပြင်ရာမှာ အလှပြင် ပစ္စည်းတွေကို သေချာ ပိုးမသတ်ရင်တော့ HIV ပိုး ရှိနေနိုင်တယ်လို့ ပြောလာတဲ့ စာရေးဆရာမ၊ ဒေါက်တာစိမ့်စမ်းဖြူ နှင့် ခဏတာ' ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။

    ကြာချိန် ၇ မိနစ်ခန့်ရှိတဲ့ ဗီဒီယိုထဲမှာ ဒေါက်တာစိမ့်စမ်းဖြူက 'HIV, AIDS ရောဂါက ကျတော့ အများသိထားသလိုပါပဲ သွေးကနေတဆင့် ကူးတယ်။ ပြောချင်တာက ခန္ဓာကိုယ်က ထွက်တဲ့ အရည်ပေါ့နော်။ ဒီလက်သည်း ညှပ်တွေ၊ ချွန်တဲ့ ထက်တဲ့ အရာတွေကကျတော့ လက်သည်း ပုံသွင်းတဲ့ အခါမျိုးမှာ အရေပြားကို ထိုးမိလို့ သွေးထွက်သွားမယ်ဆိုရင်၊ ဒီသွေးထဲမှာ HIV ပိုးရှိမယ်ဆိုရင် ဒီလက်သည်းညှပ်တို့ ဘာတို့မှာ ရှိနေနိုင်ပါတယ်' လို့ ပြောဆိုထားတာပါ။

    'လက်သည်းညှပ်ကို သူငယ်ချင်းသုံးပြီးသားဟာကို သူကသုံးပြီးတော့ သူကညှပ်လိုက်တဲ့အခါမှာ သူက မတော်တဆ ထိုးမိပြီး HIV ကူးသွားတဲ့ စတိုရီတစ်ပုဒ်ပေါ့နော်။ အဲ့ဒါလည်း ဖတ်ဖူးတယ်' ဆိုတဲ့အချက်လည်းပါဝင်ပြီး ဒီပစ္စည်းတွေကို ပိုးမသတ်မိရင် ဒီ HIV ပိုးက ရှိနေနိုင်ကြောင်း၊ အခြားသူတစ်ယောက်ရဲ့ အရေပြားပေါ်က အပေါက်အပြဲ ကနေ ပိုးကူးဆက်နိုင်ကြောင်းဖြေဆိုမှုတွေပါဝင်ပါတယ်။

    မူရင်းဗီဒီယိုဖိုင်ကိုတော့ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    လက်သည်းအလှပြင်ဆိုင်တွေက တဆင့် HIV ရောဂါပိုးကူးစက်ခံရတာတွေ၊ လက်သည်းညှပ်က တဆင့် ကူးစက်ခံရတယ် ဆိုတဲ့ အကြောင်းအရာအတွေဟာ သီအိုရီအရသာ ကူးစက်နိုင်တယ်လို့ ပြောလိုရပေမယ့် တိကျတဲ့ မှတ်တမ်း အထောက် အထား မရှိကြောင်း HIV ရောဂါနဲ့ ဆက်စပ်တဲ့ သတင်းအချက်အလက်တွေ၊ အကြောင်းအရာတွေ မျှဝေနေတဲ့ TheBody ဆိုတဲ့ အမေရိကန် အခြေစိုက် မီဒီယာမှာ ၂၀၂၃ ခုနှစ် အတွင်းက သတင်းဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့ဖူးပါတယ်။


    ဒီဆောင်းပါးထဲမှာ လက်သည်းညှပ်ကို အတူတူသုံးပြီး HIV ပိုးကူးစက်ခံရတယ်ဆိုပြီး ၂၀၁၄ ခုနှစ်တုန်းက စာတမ်းတစ်စောင် ထွက်ခဲ့ဖူးပေမယ့် ဒီပစ္စည်းတွေကြောင့် ကူးစက်တာပါဆိုတဲ့ တိကျတဲ့ အထောက်အထား မပြနိုင်ဘူးလို့ ဆိုပါတယ်။

    ဆောင်းပါးထဲမှာ လက်သည်းတွေမှာ သွေးကြောတွေ မပါဝင်တဲ့အတွက် HIV ပိုးကူးစက်ဖို့ မဖြစ်နိုင်ကြောင်းလည်း ရေးသားထားပါတယ်။The Body က ဖော်ပြထားတဲ့ ဆောင်းပါးကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် HIV ပိုးဟာ ခန္ဓာကိုယ်ပြင်ပမှာ အခြေအနေပေါ် မူတည်ပြီး အချိန်အနည်းသာ ရှင်သန်နိုင်ကြောင်း၊ ဆယ်စုနှစ်တွေ ချီပြီး လေ့လာချက်တွေအရ ဒီပိုးဟာ အပြင်မျက်နှာပြင်တွေကတဆင့် ကူးစက်တာမျိုး မရှိဘူးလို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ဖော်ပြထားတဲ့ The Body ရဲ့ ဆောင်းပါးမှာ ရေးသားထားပါတယ်။


    အမေရိကန်ပြည်ထောင်စုရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟိုဌာန (CDC) ရဲ့ သုတေသနပြုချက်အရ လေနဲ့ ထိတွေ့ပြီး ခြောက်သွားတဲ့ သွေး သို့မဟုတ် အရည်တွေထဲမှာ HIV ပိုးဟာ နာရီအနည်းငယ်အတွင်း ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်အဆင့်ကနေ ၉၀% ကနေ ၉၉% ထိ လျောကျသွားတယ်လို့ ဆိုပါတယ်။

    ဒါကိုကြည့်ခြင်းအားဖြင့် လက်တွေ့မှာ HIV ပိုးဟာ အရာဝထ္ထုတွေ့ရဲ့ မျက်နှာပြင်တွေကတဆင့် ထပ်ဆင့်ကူးစက်ဖို့ အကြောင်းမရှိဘူးလို့ ဆိုလိုပါတယ်။

    The Body က ဖော်ပြထားတဲ့ ဆောင်းပါးကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် အမေရိကန်ပြည်ထောင်စုရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟိုဌာန (CDC) က ထုတ်ပြန်ထားတဲ့ HIV ပိုး ကူးစက်နိုင်တဲ့ လမ်းကြောင်းအဖြစ် ဖော်ပြရာမှာလည်း လက်သည်းခြေသည်း ညှပ်တွေကတဆင့် ကူးစက် နိုင်တယ်လို့ စာရင်းပြုလုပ်ထားတာ မရှိပါဘူး။

    CDC က ထုတ်ပြန်ထားချက်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ HIV ရောဂါပိုးဟာ အကာအကွယ်မဲ့ လိင် ဆက်ဆံတာ၊ ရောဂါရှိသူ တစ်ယောက်ယောက်နဲ့ ဆေးထိုးအပ်လို ဆေးသွင်းကိရိယာမျိုးတွေ မျှဝေသုံးစွဲတာ၊ ကိုယ်တွင်းအင်္ဂါ အစားထိုးတာနဲ့ သွေးသွင်းတာ၊ ကိုယ်ဝန်ဆောင်ကာလမှာ နို့တိုက်မိခင်ကနေ ကလေးဆီ နို့တိုက်ကျွေး‌တာတွေကနေ တဆင့် ကူးစက်တာဖြစ်ပါတယ်။

    HIV ပိုးဟာ ရေ (သို့) လေကတဆင့်၊ ခြင်လို အင်းစက်တွေ ကိုက်တာက တဆင့်၊ ခန္ဓာကိုကို ထိကိုင်းခြင်း ပွေ့ဖက် နမ်းခြင်း ကတဆင့်၊ အစားအသောက်တွေ မျှဝေစားသောက်တာ (သို့) အိမ်သာမျှဝေသုံးစွဲတာက တဆင့်၊ ချောင်းဆိုးခြင်း (သို့) နှာချေခြင်း တွေကတဆင့် မကူးစက်နိုင်ဘူးလို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

    Tags

    AIDS နဲ့ SARS ရောဂါကူးဆက်ရောဂါသတင်းမှားအချက်အလက်အမှား
    Read Full Article
    Claim :   လက်သည်းပြုပြင်ဆိုင်တွေ ကနေ HIV ကူးစက်နိုင်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!