BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဗိုလ်ချုပ်ဇော်မင်းထွန်း...
      သတင်းအတု

      ဗိုလ်ချုပ်ဇော်မင်းထွန်း အဖမ်းခံရတယ်ဆိုတဲ့ သတင်းအမှား

      စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းလည်း သူ့ရဲ့စီနီယာတွေလို အဖမ်းခံရပြီး ထောင်ကျသွားတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  27 Nov 2023 6:37 PM IST
    • ဗိုလ်ချုပ်ဇော်မင်းထွန်း အဖမ်းခံရတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့Viral Cyst ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာလ 13 ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘နောက်ဆုံးတော့ ဇော်မင်းထွန်းလည်း စိုးထွဋ်၊ မိုးမြင့်ထွန်းတို့လို ထောင်နန်းစံလိုက်ရပြီ။ တပ်တွင်းပေါက်ကြားလာတဲ့ အထူးသတင်း။ တပ်မတော် သတင်းလိမ် ပြန်ကြားရေးက ဇော်မဲလုံး အဖမ်းခံလိုက်ရတဲ့ အကြောင်းပြောပြီ’ လို့ ရေးသားထားပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ရဲ့ ဖေစ့်ဘွတ် live ကို ကူးယူပြီး ပြန်လည်ဖြန့်ဝေထားတာ ဖြစ်ပါတယ်။

      သူ့ရဲ့ live ထဲမှာ အတွင်းသတင်းအရ ဗိုလ်ချုပ်ဇော်မင်းထွန်း အဖမ်းခံရတယ်လို့ ပြောဆိုထားပေမယ့် သက်သေ အထောက်အထား တစ်စုံတစ်ခုတော့ မပါပါဘူး။

      လက်ရှိမှာ 'လျှပ်စစ်ကဏ္ဍအဓိကထားတိုက်ခိုက်ခံရမှုများနှင့် ထိတွေ့တိုက်ပွဲများအခြေအနေ' ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲ လုပ်ထားပါသေးတယ်။

      ဒီအကြောင်းအရာကို စစ်ကောင်စီရဲ့ သတင်းချန်နယ်တွေနဲ့ ရန်ကုန်တိုင်းသတင်းဌာနမှာ နိုဝင်ဘာ ၂၆ ရက်နေ့ ညပိုင်းမှာ ဖော်ပြထားပါတယ်။

      ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

      Tags

      FakenewsarrestedMilitary Coupဗိုလ်ချုပ်ဇော်မင်းထွန်းGeneral Zaw Min Tunထောင်နန်းစံ
      Read Full Article
      Claim :   ဗိုလ်ချုပ်ဇော်မင်းထွန်း အဖမ်းခံရတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!