BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ခေါင်းဆောင်ကို အသုံးမကျကြောင်း ...
သတင်းအတု

စစ်ခေါင်းဆောင်ကို အသုံးမကျကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတယ်ဆိုတဲ့ သတင်းအမှား

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အသုံးမကျမှုကြောင့် လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေ ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုတယ်ဆိုတဲ့ ဗီဒီယိုဖိုင်တစ်ခု ပြန့်နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  8 Nov 2023 8:17 PM IST
  • စစ်ခေါင်းဆောင်ကို အသုံးမကျကြောင်း  ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို စစ်ကောင်စီ ဆန့်ကျင်သူအချို့ရဲ့ ဖေစ့်ဘွတ်ပေချ့်တွေ အကောင့်တွေမှာ နိုဝင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေနေကြတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၃ စက္ကန့်လောက်သာ ရှိတဲ့ ဗီဒီယိုကလစ်တစ်ခုနဲ့အတူ 'အဘကို အဲ့လိုတော့ မပြောသင့်ပါဘူး ဇော်မဲလုံးရာ' လို့ ရေးသားဖြန့်ဝေနေတာပါ။

    ဗီဒီယိုထဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက "နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ ပြောရရင်တော့ သူ့ရဲ့ အသုံးမကျမှုကြောင့် လက်လွှတ်ခဲ့ရတဲ့ နေရာတွေ ရှိပါတယ်။ ဒါတွေကတော့ ချင်းရွှေဟော်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ်ရယ် ဒီ ၃ ခုတော့ရှိပါတယ်" လို့ ပြောထားတာ ဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီကို လှောင်ပြောင်တဲ့ အနေနဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုထားချက်အချို့ကို ပြန်လည်ပြုပြင်ထားတဲ့ ဗီဒီယိုဖြစ်တာ တွေ့ရပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၁ ရက်နေ့က ပြုလုပ်တဲ့ မီဒီယာ ရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုထားချက်အချို့ကို ပြန်လည်ပြုပြင်ထားတာ ဖြစ်ပါတယ်။

    ဒီရှင်းလင်းမှုမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက "ဒီအချိန်မှာ အစိုးရရယ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရယ်၊ လုံခြုံရေးအဖွဲ့အစည်းတွေရယ် လက်လွှတ်လိုက်ရတဲ့နေရာတွေရှိပါတယ်။ ဒါတွေကတော့ ချင်းရွှေဟော်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ်ရယ် ဒီ ၃ ခုတော့ရှိပါတယ်" လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


    ဒီဗီဒီယိုဖိုင် အတိုချုပ်ကို Khit Thit Media မှာ နိုင်ဝင်ဘာလ ၂ ရက်နေ့ နေ့လည် ပိုင်းမှာ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

    Khit Thit Media မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Tags

    criticized the military leaderစစ်ခေါင်းဆောင်ကို ဝေဖန်ဝေဖန်FakenewsFake Videocriticizedမြောက်ပိုင်းအရေး
    Read Full Article
    Claim :   စစ်ခေါင်းဆောင်ကို အသုံးမကျကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ဝေဖန်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!