BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG စစ်ဦးစီးချုပ် အဖြစ်...
သတင်းအတု

NUG စစ်ဦးစီးချုပ် အဖြစ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တာဝန်ယူတယ်ဆိုတဲ့ သတင်းအမှား

အထွေထွေ ထိုးစစ်ကြီး စတင်ကြေညာပြီး NUG စစ်ဦးစီးချုပ်အဖြစ် အာရက္ခတပ်တော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တာဝန်ယူမယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  19 April 2025 8:58 AM IST
  • NUG စစ်ဦးစီးချုပ် အဖြစ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တာဝန်ယူတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီလ ၁၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အထွေထွေ ထိုးစစ်ကြီး စတင်ကြေညာပြီး NUG စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တာဝန်ယူ။ AA KNU MNDAA တို့ ပါဝင်လာပြီး နေပြည်တော်ကို အင်အား ၄ သိန်းဖြင့် ပိတ်ဆို့' လို့ ရေးသားထား တာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    NUG စစ်ဦးစီးချုပ် အဖြစ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တာဝန်ယူတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဧပြီလ ၁၇ ရက်နေ့က ဖော်ပြထားတဲ့ 'အထွေထွေထိုးစစ်ကြီးဆင်နွှဲရန်အတွက် မဟာမိတ်တော်လှန်ရေးအင်းအားစုများနှင့် ညှိနှိုင်းပြင်ဆင်နေဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြော' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေထိုးစစ်ဆင်ကြီးဆင်နွှဲရန် မဟာမိတ်တော်လှန်ရေး အင်အားစုတွေနဲ့ ညှိနှိုင်းပြင်ဆင်နေတယ်လို့ NUG ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မတ်လ ၂၅ ရက်နေ့ ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ် ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ဧရာဝတီ) ၊ အမှတ် ၂၉ ဗျူဟာ (AYA PDF) ၊ အပတ်စဉ် ၅ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားသို့ အွန်လိုင်းမှ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားတယ်ဆိုတဲ့အကြောင်း ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ NUG စစ်ဦးစီးချုပ် အဖြစ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တာဝန်ယူတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    AA စစ်ဦးစီးချုပ်Commander-in-ChiefTNLA ထိုးစစ်သတင်းတုသတင်းမှားFakenews
    Read Full Article
    Claim :   NUG စစ်ဦးစီးချုပ် အဖြစ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တာဝန်ယူမယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!