BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒုဗိုလ်ချုပ် စိုးဝင်း...
သတင်းအတု

ဒုဗိုလ်ချုပ် စိုးဝင်း အဖမ်းခံရတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီ ဒုဗိုလ်ချုပ် စိုးဝင်း အပါအဝင် တပ်အရာရှိ (၅) ဦး အဖမ်းခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနပါတယ်။

By - Boom Live Myanmar |
Published -  28 Oct 2024 7:48 AM IST
  • ဒုဗိုလ်ချုပ် စိုးဝင်း အဖမ်းခံရတယ်ဆိုတဲ့ သတင်းအတု

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Share Local Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၂၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒုချုပ်နေရာ အစားထိုးခန့်အပ်။ ဒုချုပ်စိုးဝင်းအပါအဝင် တပ်အရာရှိ (၅) ဦး အဖမ်းခံရ' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒုဗိုလ်ချုပ် စိုးဝင်း အပါအဝင် တပ်အရာရှိ (၅) ဦး အဖမ်းခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ အောက်တိုဘာ ၂၁ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ရေဦးမြို့ရှိ စစ်တပ် ဂိတ်စခန်း ၃ ခုကို တပြိုင်တည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်း ၃ ခုကို တပြိုင်တည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုမှာ စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိတယ်ဆိုတဲ့ အကြောင်းအရာကို ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ ဒုဗိုလ်ချုပ် စိုးဝင်း အပါအဝင် တပ်အရာရှိ (၅) ဦး အဖမ်းခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Soe Win arrestedဒုချုပ်စိုးဝင်းအဖမ်းခံရFakenewsMilitary coupfakenewsသတင်းမှား
    Read Full Article
    Claim :   ဒုဗိုလ်ချုပ် စိုးဝင်း အဖမ်းခံရတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!