BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဗိုလ်ချုပ်ကြီး မြထွန်းဦး...
      သတင်းအတု

      ဗိုလ်ချုပ်ကြီး မြထွန်းဦး ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား

      စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို အာဏာသိမ်းရန် ကြံစည်မှုနဲ့ စစ်ခေါင်းဆောင်နဲ့အဖွဲ့က ပူးပေါင်းဖမ်းဆီး လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတေွ ရှိနေပါတယ်။

      By - Boom Live Myanmar |
      Published -  25 Nov 2024 6:42 AM IST
    • ဗိုလ်ချုပ်ကြီး မြထွန်းဦး ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Khit Thit Burma News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၂၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မြထွန်းဦးကို ဖမ်းဆီးလိုက်ပြီဗျို့။ အာဏာသိမ်းရန် ကြံစည်မှုနဲ့ ဗိုလ်ချုပ်မြထွန်းဦးနဲ့ အဖွဲ့ကို မအလ နဲ့ စိုးဝင်း ပူးပေါင်းဖမ်းဆီးချောင်ထိုးလိုက်ပြီ' လို့ ရေးသား ထားတာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဗိုလ်ချုပ်ကြီး မြထွန်းဦး ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ နိုဝင်ဘာ ၂၁ ရက်နေ့က ဖြန့်ဝေထားတဲ့ 'အာဆီယံပို့ဆောင်ရေး ဝန်ကြီးများ အစည်းအဝေးမှ စစ်ကောင်စီဝန်ကြီး မြထွန်းဦးကို ဖယ်ရှားရန် တောင်းဆို' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      ဒီအကြောင်းအရာထဲမှာ ဗိုလ်ချုပ်ကြီး မြထွန်းဦး ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

      Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      arrestedဖမ်းဆီးခံရအာဏာသိမ်းသတင်းအတုFakenewsClickbaits
      Read Full Article
      Claim :   ဗိုလ်ချုပ်ကြီး မြထွန်းဦး ဖမ်းဆီးခံရတယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!