BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG ကို...
သတင်းအတု

NUG ကို မင်းအောင်လှိုင်တောင်းပန်နေပြီဆိုတဲ့ သတင်းအမှား

NUG အစိုးရနဲ့ ဆွေးနွေးဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တောင်းပန်နေပြီဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ရေးသား ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 Dec 2022 7:31 AM IST
  • NUG ကို မင်းအောင်လှိုင်တောင်းပန်နေပြီဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ 'အချက်အလက်အစစ်အမှန်' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၂၅ မိနစ်ခန့် ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ 'NUG ကို မအလ တောင်းပန်နေပြီ။ လက်လျှော့ပြီ။ ဆွေးနွေးဖို့ တောင်းပန်ပြီ' ဆိုပြီး ရေးသားဖြန့်ဝေခဲ့တာပါ။

    ဒီအကြောင်းအရာကို သတင်းအမှား ဖြန့်ဝေနေတဲ့ MaSoe Soe ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကလည်း ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ကြာချိန် ၂၅ မိနစ်ခန့် ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မအလ တောင်းပန်နေပြီ။ ပင်စင်နဲ့ အနားယူဖို့ စဉ်းစားနေပြီ' ဆိုပြီး ထပ်မံဖြန့်ဝေထားပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေမှု နှစ်ခုလုံးမှာ ပါဝင်တဲ့ ဗွီဒီယိုဖိုင်တွေကို စစ်ဆေးကြည့်ရှု့ရာ ဘုန်းကြီးတစ်ပါးက စစ်ကောင်စီခေါင်းဆောင်နဲ့ ပက်သက်ပြီး သူ့ရဲ့ အမြင်တွေကို live လွှင့်ပြောဆိုထားတဲ့ ဗွီဒီယိုဖိုင်သာဖြစ်ပြီး ပိုစ့်မှာ ရေးသားထားသလို NUG အစိုးရနဲ့ ဆွေးနွေးဖို့ မင်းအောင်လှိုင် တောင်းပန်နေပြီဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိပါဘူး။

    ဒီအကြောင်းအရာကို စတင်ဖြန့်ဝေခဲ့တဲ့ 'အချက်အလက်အစစ်အမှန်' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ပေချ့်တစ်ခုသာ ဖြစ်ပြီး သူတို့ရဲ့ ပိုစ့်တွေကို ဝင်ရောက်ကြည့်ရှု့သူများအောင် ဗွီဒီယိုကာဗာပေါ်မှာ လူစိတ်ဝင်စားစေတဲ့ သတင်းခေါင်းစဉ်တွေ ရေးသားကာ ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits တွေ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    Tags

    NUG ကိုတောင်းပန်Min Aung Hlaing apologized NUGDiscuss with NUGFakenewsMilitary Coup
    Read Full Article
    Claim :   NUG အစိုးရနဲ့ ဆွေးနွေးဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တောင်းပန်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!