BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပြင်ဦးလွင် စစ်တက္ကသိုလ်ကို...
သတင်းအတု

ပြင်ဦးလွင် စစ်တက္ကသိုလ်ကို တိုက်ခိုက်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင် လေးဦးကို အရှင်ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်နဲ့ မြို့တွင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မန္တလေး PDF ၄ ဦးကို အရှင်ဖမ်းမိထားပြီး ၅ လောင်း ရရှိထားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  18 April 2024 3:27 PM IST
  • ပြင်ဦးလွင် စစ်တက္ကသိုလ်ကို တိုက်ခိုက်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင် လေးဦးကို အရှင်ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံရေးသားနေတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ အကောင့်တွေမှာ ဧပြီလ ၁၆ ရက်နေ့က စတင်ဖြန့်ဝေနေတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ လက်ထိပ်ခတ်ခံထားရတဲ့ လူလေးဦးပါ ဓာတ်ပုံနဲ့အတူ ‘ပြင်ဦးလွင်မြို့အတွင်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မန္တလေး PDF အကြမ်းဖက်အဖွဲ့၏ ၄ဦး အရှင်ဖမ်းမိ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးမြို့တွင်းသို့ ၁၄-၄-၂၀၂၄ ရက်နေ့ ည (၉ ၃၀)နှင့် (၁၀ ၃၀) ကြား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မန္တလေး PDF အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမား ၄ဦးကို အရှင်ဖမ်းမိထားပြီး အကြမ်းဖက်သမား ၅ လောင်း ရရှိထားကြောင်း တပ်မတော်သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ သိရသည်။ ဖမ်းဆီးရမိ အကြမ်းဖက်သမားများကို စစ်ဆေးနေပြီး ၎င်းတို့၏ စခန်းတည်နေရာများအား တပ်မတော် နယ်မြေရှင်းလင်းရေးအဖွဲ့က ဆက်လက်ထိုးစစ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေရာမှာ အသုံးပြုထားတဲ့ ပုံဟာ ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့က KIC သတင်းဌာနမှာ ဖော်ပြထားတဲ့ 'ဖမ်းမိသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားဟု KNLA ပြော' ဆိုတဲ့ သတင်းက ပုံကို ကူးယူသုံးစွဲထားတာပါ။


    ပုံထဲက လက်ထိပ်ခတ်ခံထားရတဲ့ လေးဦးဟာ မော်ခီးအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း( ခမရ-၅၅၅) မှ ဒုစစ်ကြောင်း မှူးဖြစ်သူ ဇေယျာမင်းနဲ့ သူ့ရဲ့ ကိုယ်ရံတော်အဖြစ်လိုက်ပါလာသူ ဒုတပ်ကြပ်ချစ်သူ၊ ခြေလျင်တပ်ရင်း(ခလရ-၃၂) က စခန်းမှူး ဗိုလ်ကြီးတစ်ဦးနဲ့ သူ့ရဲ့ ကိုယ်ရံတော် တပ်သားတစ်ဦးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ KIC သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် မန္တလေး PDF ၄ ဦး အရှင်ဖမ်းခံရပြီး ၅ ဦး သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေသာ ဖြစ်တယ်လို့ အဲဒီ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောဆိုတဲ့အကြောင်း RFA သတင်းဌာနမှာ ဧပြီလ ၁၆ ရက်နေ့မှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။

    RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ပြင်ဦးလွင် စစ်တက္ကသိုလ်ကို ဧပြီလ ၁၄ ရက်ညပိုင်း ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ရာမှာ အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ ဆေးရုံနဲ့ လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လေးဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

    Tags

    ပြင်ဦးလွင် စစ်တက္ကသိုလ်ရှော့တိုက်ဒုံးစစ်တက္ကသိုလ် (DSA)four PDF soldiers arrestedမန္တလေး PDFOld imagesFakenews
    Read Full Article
    Claim :   PDF တပ်ဖွဲ့ဝင် လေးဦးကို အရှင်ဖမ်းမိတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!