BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်...
သတင်းအတု

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အချင်းချင်းပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ထမင်းကြော်စားနေတုန်း ပျူစောထီးနဲ့ သွေးသောက်အဖွဲ့မှ လာရောက် ပစ်ခတ်သတ်ဖြတ် သွားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  28 Oct 2023 8:40 PM IST
  • ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အချင်းချင်းပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Trend Videos 1.0 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ထမင်းကြော်စားနေတဲ့ ဓာတ်ပုံအပါအဝင် စစ်ကောင်စီထိပ်တန်း ခေါင်းဆောင်တွေရဲ့ ပုံတွေအသုံးပြုကာ ‘အချင်းချင်း လုပ်ကြံသတ်ဖြတ်လိုက်ပြီ။ ပွဲချင်းပြီးသေဆုံး။ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ထမင်းကြော်စားနေစဉ် ပျူစောထီးနဲ့ သွေးသောက်အဖွဲ့မှ အနီးကပ်ပစ်သတ်’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ‘ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ပစ်သတ်ခံရတယ်’ ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    ဗီဒီယိုထဲမှာ အခြားသတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဦးရဲထွဋ်ရဲ့ ဖေစ့်ဘွတ်အကောင့်မှာ အောက်တိုဘာ ၂၇ ရက် မနေ့က အထိ ပိုစ့်တွေတင်နေတာ တွေ့ရပါတယ်။


    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    လုပ်ကြံသတ်ဖြတ်Assassinationပြန်ကြားရေးဝန်ကြီးဟောင်းformer Information MinisterFakenewsသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အချင်းချင်းပစ်သတ်ခံရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!