BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်း...
သတင်းအတု

သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်း သံတမန်အိမ်ရာထဲ ခိုးဝင်​တဲ့အတွက် တရားစွဲခံရတယ်ဆိုတဲ့ သတင်းအမှား

ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို သံတမန်အိမ်ရာထဲ ခိုးဝင်တဲ့အတွက် တရားစွဲခံရတယ်ဆိုပြီး ရေးသား ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  23 Aug 2023 9:12 PM IST
  • သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်း သံတမန်အိမ်ရာထဲ ခိုးဝင်​တဲ့အတွက် တရားစွဲခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို စစ်ကောင်စီကို ထောက်ခံရေးသားပြီး သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Barlikissy King ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဩဂုတ်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းရဲ့ ဓာတ်ပုံတွေ အသုံးပြုကာ ‘နစက၏ တရားဝင် သံအမတ်ခွင့်ပြုချက်မရဘဲ သံအမတ်ပြုတ် ကျော်စွာမင်းက သံတမန်အိမ်ရာထဲ ခိုးဝင်​သည့်အတွက် ဗြိတိန်က တရားစွဲဖို့လုပ်နေပြီ။ အနည်းဆုံး ထောင် ၆ လ နဲ့ ငွေဒဏ်ပဲ။ ဘာလဲ မင်းက ကိုယ့်ဟာကိုယ် သံအမတ်လို့ထင်နေတုန်းလား။ မင်းတို့ NUG ကို ဘယ်သူမှ မထောက်ခံဘူးနော်။ သဘောပေါက်’ လို့ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေ သဘောကျ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီးနောက် ရာထူးက အဖယ်ရှားခံခဲ့ရတဲ့ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းဟာ လက်ရှိအချိန်အထိ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က သံတမန်နေအိမ်မှာ ဆက်လက်နေထိုင်နေတဲ့အတွက် သူ့ကို ပိုင်နက်ကျူးလွန်မှုနဲ့ စစ်ကောင်စီက ဗြိတိန်ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

    လက်ရှိမှာ လန်ဒန်ရဲက ပိုင်နက်ကျူးလွန်မှုနဲ့ စုံစမ်း စစ်ဆေးနေတယ်လို့ သူ့ရှေ့နေက ရိုက်တာသတင်းဌာနကို ပြောတဲ့အကြောင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

    သူဟာ သံအမတ်ကြီးနေအိမ်မှာ ဆက်လက်နေထိုင်နေတာ ဖြစ်ပြီး တရားမဝင်အစိုးရက ခန့်ထားတဲ့သံအမတ်သစ် လက်ထဲကို ပြန်မအပ်နိုင်ကြောင်း ငြင်းဆိုနေတာပါ။

    သူက သံအမတ်နေအိမ်ကနေ လုံးဝ ဖယ်ရှားပေးမှာ မဟုတ်ကြောင်းနဲ့ သူ့ကို နှင်ထုတ်ဖို့ ကြိုးပမ်းမှုတွေအားလုံးကိုလည်း တွန်းလှန် သွားမှာဖြစ်ကြောင်း၊ အဆိုပါ သံတမန်နေအိမ်ဟာ မြန်မာပြည်သူတွေ ပိုင်ဆိုင်တာ ဖြစ်တဲ့အတွက် နောက်တစ်ချိန်မှာ ဒီမိုကရေစီ နည်းကျ ရွေးချယ်စေလွှတ်လိုက်တဲ့ သံအမတ်ကြီးထံ လွှဲပြောင်းပေးနိုင်တဲ့အချိန်အထိ သူ ထိန်းသိမ်းထားမှာဖြစ်ကြောင်း ပြောထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

    ဗြိတိန်နိုင်ငံမှာ ဒီ သံအမတ်နေအိမ် အဆောက်အဦးကို ပြည်ထောင်စုမြန်မာနိုင်ငံပိုင်အနေနဲ့ မှတ်ပုံတင်ထားတာဖြစ်ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီက မြန်မာပြည်ကို ကိုယ်စားပြုတာ မဟုတ်ကြောင်းနဲ့ ဒီလို သိမ်းယူဖို့ ကြိုးစားမှုဟာ တရားမဝင်ကြောင်း Myanmar Accountability Project (MAP) ရဲ့ ဒါရိုက်တာ Chris Gunness က ပြောထားတဲ့ အကြောင်း ဩဂုတ်လ ၁၉ ရက်နေ့က ဖော်ပြထားတဲ့ RFA ရဲ့ သတင်းမှာ ဖော်ပြထားပါသေးတယ်။

    သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို ဗြိတိန်ရဲ စစ်မေးတဲ့ သတင်းတွေကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် စစ်တပ်လက်အောက်ခံ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

    Tags

    သံအမတ်ကြီးဟောင်းသံတမန်အိမ်ရာသံအမတ်ကြီးနေအိမ်former ambassadordiplomatic residenceဗြိတိန်လန်ဒန်ရဲ
    Read Full Article
    Claim :   မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်း တရားစွဲခံရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!