BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အမေရိကန်လွှတ်တော်မှာ ဒေါ်ဇင်မာအောင်...
သတင်းအတု

အမေရိကန်လွှတ်တော်မှာ ဒေါ်ဇင်မာအောင် မိန့်ခွန်းပြောတယ်ဆိုတဲ့ သတင်းအမှား

အမေရိကန် လွှတ်တော်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် မိန့်ခွန်းပြောတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  27 Feb 2023 9:13 PM IST
  • အမေရိကန်လွှတ်တော်မှာ ဒေါ်ဇင်မာအောင် မိန့်ခွန်းပြောတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Bkk Drama ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၅ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ထွန်းမင်းလတ် ဇာတ်သိမ်းပြီ။ မအလ ဗျာယာခတ်နေ။ အမေရိကန် လွှတ်တော်မှာ NUG ဝန်ကြီး ဒေါ်ဇင်မာအောင် မိန့်ခွန်းပြောပြီ’ လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ အမေရိကန် လွှတ်တော်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် မိန့်ခွန်းပြောတယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြုပြင်ထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အနေနဲ့ ဖေဖေါ်ဝါရီလအစောပိုင်းမှာ ဗြိတိန် နိုင်ငံ ခရီးစဉ်သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး James Cleverly အပါအဝင် Labour Party မှ လွှတ်တော်အမတ် Rushanara Ali နဲ့ တွေ့ဆုံခဲ့ပါတယ်။

    နောက်ထပ် ဖေဖေါ်ဝါရီ ဒုတိယပတ်တွင်းမှာတော့ အမေရိကန်နိုင်ငံခရီးစဉ် သွားရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝါရှင်တန်ဒီစီ ရုံးခန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်ခြင်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေအပါအဝင် လွှတ်တော်အမတ်တချို့နဲ့ တွေ့ဆုံခဲ့ပေမယ့် အမေရိကန်လွှတ်တော်မှာ မိန့်ခွန်းပြောကြားတာ မရှိခဲ့ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ဒေါ်ဇင်မာအောင် မိန့်ခွန်းအမေရိကန်လွှတ်တော်NUG Foreign Ministerthe US ParliamentNUG Foreign Minister speechFakenews
    Read Full Article
    Claim :   အမေရိကန် လွှတ်တော်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် မိန့်ခွန်းပြောတယ်ဆိုတဲ့ သတင်းအမှား
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!