BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ခုနှစ်ရက်အတွင်း...
သတင်းအတု

ခုနှစ်ရက်အတွင်း ဖေစ့်ဘွတ်ပိတ်မယ်ဆိုတဲ့ သတင်းအမှား

ဖေစ့်ဘွတ်ပိတ်ဖို့ အချိန် ၇ ရက်ပဲ ရှိတော့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  26 Aug 2023 5:35 PM IST
  • ခုနှစ်ရက်အတွင်း ဖေစ့်ဘွတ်ပိတ်မယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Blink Myanmar ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဩဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေ ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ‘Facebook ပိတ်ဖို့အတွက် အချိန် ၇ ရက်ပဲ ရှိတော့တယ်’ ဆိုပြီး ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

    မရှင်းမလင်း ဖြန့်ဝေထားတဲ့ ဒီပိုစ့်အောက်က အချို့မှတ်ချက်တွေကို ဖြန့်ဝေသူက Thai PBS မှာ ဖော်ပြထားတဲ့ အကြောင်းလည်း ပြန်လည်ဖြေကြားထားပါတယ်။


    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖေစ့်ဘွတ်အနေနဲ့ ထိုင်းနိုင်ငံသား ၂ သိန်းကျော်ကို လိမ်ညာခဲ့တဲ့ ဆိုရှယ်မီဒီယာ ဝန်ဆောင်မှုတွေဆီက ကြော်ငြာခတွေ လက်ခံခဲ့တဲ့ အတွက် ထိုင်းအာဏာပိုင်တွေက နိုင်ငံအတွင်းမှာ ဖေစ့်ဘွတ်ကို ပိတ်ပင်ဖို့ တရာရုံးအမိန့်ကို ရရှိဖို့ ကြိုးစားနေတဲ့အကြောင်း Thai PBS World မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

    Thai PBS World မှာ ဖော်ပြထားချက်အရ လာမယ့် ခုနစ်ရက်အတွင်း ဖေစ့်ဘွတ်ကို ပိတ်ပင်ဖို့ တရားရုံးကို တင်ပြမယ်ဆိုပြီး ရည်ရွယ်ထားတဲ့ အကြောင်း ပြောထားပေမယ့် ဖေစ့်ဘွတ်အနေနဲ့ ထိုင်းမှာ စီးပွားရေး ဆက်လုပ်ချင်သေးရင် ဒီကိစ္စကို တာဝန်ယူ ဖြေရှင်းပေးရမယ် ဆိုပြီးလည်း ပြောထားပါတယ်။


    ဒါဟာ အခုလက်ရှိဖြန့်ဝေနေကြသလို ‘Facebook ပိတ်ဖို့အတွက် အချိန် ၇ ရက်ပဲ ရှိတော့တယ်’ ဆိုတဲ့ ဒီအဓိပ္ပါယ် မဟုတ်ပါဘူး။

    လိမ်ညာတဲ့ ကြော်ငြာတွေကို ဖယ်ရှားဖို့ ဖေစ့်ဘွတ်က တာဝန်ယူဖြေရှင်းမယ်ဆိုရင် မပိတ်ဘူးဆိုတဲ့ ဆိုလိုတာလည်း ဖြစ်ပါတယ်။

    Thai PBS World မှာ ဖော်ပြထားတာကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် ထိုင်းနိုင်ငံမှာ ဖေစ့်ဘွတ်ကို ပိတ်ပင်မယ်ဆိုပြီး ခြိမ်းခြောက်တာဟာ ပထမဆုံးအကြိမ်တော့လည်း မဟုတ်ပါဘူး။

    ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာလည်း ထိုင်းဘုရင်စနစ်နဲ့ အစိုးရကို ဝေဖန်တဲ့ ပိုစ့်တွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုရာကနေ ထိုင်းအစိုးရက ဖေစ့်ဘွတ်ကို ပိတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါသေးတယ်။


    ဒီသတင်းကို ဧရာဝတီ သတင်းဌာနမှာ ၂၀၁၇ ခုနှစ် မေလ ၁၆ ရက်နေ့က ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    အဲ့အချိန်က ထိုင်းဘုရင်စနစ်နဲ့ အစိုးရ ကိုဝေဖန်တဲ့ Post ၁၃၁ ခု ဖေစ့်ဘွတ်ပေါ်မှာ ရှိနေတာကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တာကို Facebook က မလိုက်လျောတဲ့အတွက် ဖေစ့်ဘွတ်သုံးစွဲမှုကို ပိတ်ပင်ဖို့ ထိုင်း အင်တာနက် ဝန်ဆောင်မှုပေးသူများအသင်း (TISPA) ကို ဖိအားပေးမှုများ ပြုလုပ်ခဲ့သလို တရားစွဲဆိုမှု လုပ်မယ်လို့လည်း ခြိမ်းခြောက် ခဲ့တာဖြစ်ပါတယ်။

    လက်ရှိအခြေအနေအရ‌ ထိုင်းနိုင်ငံမှာ ဖေစ့်ဘွတ်သုံးစွဲမှုကို ပိပင်မယ်၊ မပိတ်ပင်ဘူး ဆိုတာ အတိအကျ မသိရှိရသေးပါဘူး။

    AP သတင်းဌာနမှာ ဖော်ပြထားချက်အရ ထိုင်းနိုင်ငံ လူဦးရေ ၆၆ သန်းမှာ သန်း ၅၀ ကျော် က ဆိုရှယ်မီဒီယာ ဖေစ့်ဘွတ်ကို အသုံးပြုကြတယ်လို့ သိရပါတယ်။

    Tags

    FacebookThailandshut down Facebookဖေစ့်ဘွတ်ပိတ်ပင်ဖေစ့်ဘွတ်သတင်းအမှားဖေ့စ်ဘွတ်ဖယ်ရှားFakenews
    Read Full Article
    Claim :   ခုနှစ်ရက်အတွင်း ဖေစ့်ဘွတ်ပိတ်မယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!