BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီကို အာဆီယံကနေ...
သတင်းအတု

စစ်ကောင်စီကို အာဆီယံကနေ ထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီကို အာဆီယံကနေ ထုတ်ပယ်လိုက်ကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ထုတ်ပြန်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  21 April 2024 9:31 AM IST
  • စစ်ကောင်စီကို အာဆီယံကနေ ထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Bagan Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီ ၁၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အာဆီယံကနေ စစ်ကောင်စီကို ထုတ်ပယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်အသိအမှတ်ပြု။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ထုတ်ပြန်' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ ရှစ်သောင်းကျော် ရှိနေပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီကို အာဆီယံကနေ ထုတ်ပယ်လိုက်ကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ထုတ်ပြန်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ People’s Spring သတင်းဌာနမှာ ဧပြီလ ၁၉ ရက်နေ့က ဖော်ပြထားတဲ့'မြန်မာနိုင်ငံကတိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ရေး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တောင်းဆို' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောပြန်လည်ထည့်သွင်းပြီး ပြောဆို ထားတာသာ ဖြစ်ပါတယ်။

    ဒီထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်း အားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့၊ နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေကို လေးစား လိုက်နာကြဖို့၊ တင်းမာမှုတွေ လျော့ကျစေရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ ဆောင်ရွက်ပေးကြဖို့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံအဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေအားလုံးရဲ့ လုံခြုံ ဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုဖြစ်တယ်လို့ အရှေ့တောင် အာရှနိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက စုပေါင်း တောင်းဆိုထားတာ ဖြစ်ပါတယ်။

    သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။

    ဒီအကြောင်းအရာထဲမှာ စစ်ကောင်စီကို အာဆီယံက ထုတ်ပယ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    Tags

    Military Councilexpulsion from ASEANASEANအာဆီယံကနေထုတ်ပယ်Fakenewsစစ်ကောင်စီထုတ်ပြန်ချက်
    Read Full Article
    Claim :   စစ်ကောင်စီကို အာဆီယံကနေ ထုတ်ပယ်လိုက်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!