BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အီလွန်မတ်စ် UFO တိုက်လေယာဉ်...
သတင်းအတု

အီလွန်မတ်စ် UFO တိုက်လေယာဉ် ထုတ်ဖော်ပြသတယ်ဆိုတဲ့ သတင်းအမှား

တက်စ်လာကားကုမ္ပဏီရဲ့ စီအီးအို၊ ဘီလျံနာတစ်ဦးဖြစ်တဲ့ အီလွန်မတ်စ်က ရူပဗေဒကို အံတုနိုင်တဲ့ ပထမဆုံး UFO တိုက်လေယာဉ်ကို ထုတ်ဖော်ပြသခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  25 Oct 2024 8:56 PM IST
  • အီလွန်မတ်စ် UFO တိုက်လေယာဉ် ထုတ်ဖော်ပြသတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို အခြားနိုင်ငံက ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ ပြီးခဲ့တဲ့ အပတ်အတွင်းကစပြီး အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေနေတာဖြစ်ပါတယ်။

    မြန်မာဘာသာပြန်ပြီး စတင်ဖြန့်ဝေမှုတွေကို Ei Khin ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ အောက်တိုဘာ ၂၃ ရက်နေ့မှာ စတင် ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ AI (သို့) ဖိုတိုရှော့ လိုမျိုး ဆော့ဝဲတွေ အသုံးပြု ဖန်တီးထားတဲ့ ဂျက်ဖိုက်တာ နဲ့ UFO ပုံစံ ဓါတ်ပုံ ၂ ပုံနဲ့အတူ 'သတင်းထူး။ Elon Musk သည် ရူပဗေဒကို အံတုနိုင်သော UFO တိုက်လေယာဉ်ကို ထုတ်ဖော်ပြသခဲ့သည်။ SpaceX နှင့် Tesla တို့၏နောက်ကွယ်မှ ဘီလီယံနာသူဌေးကြီး Elon Musk သည် ယနေ့ အံ့မခန်းသော ထုတ်ဖော် ပြသမှုတခုတွင် "သမားရိုးကျ ရူပဗေဒကို အံတုနိုင်သော ပထမဆုံး UFO တိုက်လေယာဉ်" ကို ထုတ်ဖော်ပြသခဲ့သည်။ Ethereon ဟု အမည်ပေးထားသည့် အဆိုပါ အာကာသယာဉ်သည် ကွမ်တမ်ရူပဗေဒ အခြေခံမူများကို အခြေခံ၍ ဒြပ်ဆွဲအားကို ဆန့်ကျင် သည့် တွန်းကန်အား နည်းပညာဖြင့် တပ်ဆင်ထားသည်ဟု ဆိုသည်။ SpaceX ဌာနချုပ်တွင် အလွန်မျှော်လင့်ထားသည့် ထုတ်ဖော်ပြသမှုအတွင်း Musk သည် တိုက်လေယာဉ်များ၏ တိတ်တဆိတ် ပျံသန်းနိုင်မှု၊ 90 ဒီဂရီ အလှည့်အပြောင်းကို ချက်ချင်း လုပ်ဆောင်ကာ လူသား အင်ဂျင်နီယာသုံး ယာဉ်များအတွက် မဖြစ်နိုင်ဟု ယခင်က ထင်ထားသည့် မြန်နှုန်းများကို ရရှိအောင် ပြသခဲ့သည်။ လက်မှုပညာ ဒီဇိုင်းတွင် ပေါ့ပါးသော နာနို ပစ္စည်းများနှင့် ရူပဗေဒပညာရှင်များမှ သီအိုရီ ပေးထားသော အဆုံးမရှိ စွမ်းအင်ရင်းမြစ်ဖြစ်သည့် သုညမှတ် စွမ်းအင်ပုံစံဟု ယူဆရသည့် ထူးခြားသော စွမ်းအင်ရင်းမြစ်ကို ပေါင်းစပ် ထည့်သွင်းထားသော်လည်း ရူပဗေဒပညာရှင်များက မည်သည့်အခါကမျှ အသုံးချခြင်းမရှိပါ။ မတ်စ် က "ဒါဟာ အာကာသ နည်းပညာရဲ့ ခုန်ပျံ ကျော်လွှားမှု တခုပဲ မဟုတ်ပါဘူး၊ ဒါဟာ ပြီးပြည့်စုံတဲ့ စံချိန်မီ အပြောင်းအရွှေ့တခုပါ။ Ethereon ဟာ ကမ္ဘာမြေကို အမည်မသိ ဝေဟင်ကနေ အကာအကွယ်ပေးပြီး အာကာသစူးစမ်းလေ့လာရေးမှာ နယ်နိမိတ် သစ် တခုဆီ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။" လို့ google translate အသုံးပြု ဘာသာပြန်ထားတဲ့ မြန်မာဘာသာနဲ့ ဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ အများ စိတ်ဝင်စားအောင် လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    အီလွန်မတ်စ်ရဲ့ လုပ်ငန်းတွေဖြစ်တဲ့ SpaceX နဲ့ Tesla တို့ရဲ့ တရားဝင်ဝက်ဆိုက်တွေမှာလည်း UFO fighter jet ထုတ်ဖော် ပြသတယ်ဆိုတဲ့ အကြောင်းထုတ်ပြန်ထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဒီလို အကြောင်း အရာမျိုး ရေးသားဖော်ပြထားတာ မရှိပါဘူး။

    SpaceX နဲ့ Tesla တို့ရဲ့ တရားဝင်ဝက်ဆိုက်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    အီလွန်မတ်စ်ရဲ့ လက်ရှိလုပ်ကိုင်ပြောဆိုနေတဲ့ ပရောဂျက်တွေကတော့ Cybercab robotaxi (လူသားယာဉ်မောင်း မပါပဲ ဝန်ဆောင်မှုပေးတဲ့ စက်ရုပ် တက်စီ) ဝန်ဆောင်မှုအကြောင်းနဲ့ Starship ပရောဂျက် အကြောင်းပဲ ဖြစ်ပါတယ်။

    ဒီပရောဂျက်တွေအကြောင်း ကမ္ဘာ့သတင်းမီဒီယာတွေပေါ်မှာ အကျယ်တဝင့်ဖော်ပြခံရပြီးချိန်မှာတော့ အီလွန်မတ်စ်နဲ့ ဆက်စပ်တဲ့ သတင်းမှားတွေ၊ ကောလဟလ တွေ တစ်ခုပြီး တစ်ခု ထွက်ပေါ်နေတာပါ။

    ပြီးခဲ့တဲ့ အပတ်အတွင်းကလည်း အီလွန်မတ်စ်ဟာ ၂၀၂၄ မကုန်ခင်မှာ Tesla Pi အမည်ရှိ ဖုန်းတလုံးကိုစတင် ထုတ်ဝေမယ် ဆိုတဲ့ အကြောင်းနဲ့ လျှပ်စစ်ဆိုင်ကယ်ကို တီထွင်ပြီး ဈေးကွက်မှာ စတင်ရောင်းချနေပြီဆိုတဲ့ သတင်းအမှားတွေ ထွက်ခဲ့ပါ သေးတယ်။

    Tags

    UFO Fighter JetUFO တိုက်လေယာဉ်Fakenewsဘီလျံနာရူပဗေဒတီထွင်မှုသတင်းမှား
    Read Full Article
    Claim :   အီလွန်မတ်စ် UFO တိုက်လေယာဉ် ထုတ်ဖော်ပြသတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!