BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • CNN သတင်းဌာနကို အီလွန်မတ်စ်...
သတင်းအတု

CNN သတင်းဌာနကို အီလွန်မတ်စ် ဝယ်ယူမယ်ဆိုတဲ့ သတင်းအမှား

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ အီလွန်မတ်စ်က CNN သတင်းဌာနကို ဒေါ်လာ သန်း ၃၀၀၀ နဲ့ ဝယ်ယူဖို့ သဘောတူထားတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  14 Nov 2024 8:14 AM IST
  • CNN သတင်းဌာနကို အီလွန်မတ်စ် ဝယ်ယူမယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Yang Aung ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ နိုဝင်ဘာလ ၈ ရက်နေ့က ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ဆိုရှယ်မီဒီယာ Threads မှာ အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေထားတဲ့ ပိုစ့်တစ်ခုကို ဘာသာပြန်ပြီး ‘'Tesla, Space X, StarLink သူဋ္ဌေး အီလွန်မတ်စ်က CNN သတင်းဋ္ဌာနကို ဒေါ်လာသန်း ၃၀၀၀ ဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိထား ဟုဆို' လို့ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    အီလွန်မတ်စ်က CNN သတင်းဋ္ဌာနကို ဒေါ်လာသန်း ၃ ဘီလျံနဲ့ ဝယ်ယူဖို့ သဘောတူထားတယ်ဆိုတဲ့ ပိုစ့်တွေကို ဆိုရှယ်မီဒီယာ Threads ပေါ်မှာလည်း အင်္ဂလိပ်ဘာသာစကားနဲ့ "Elon Musk Agrees to $3 Billion to Buy CNN. Elon Musk Reportedly Eyeing CNN Acquisition: “I’ll Fix the Media, One Network at a Time” လို့ ရေးသား ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။


    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    CNN သတင်းဌာနကို အီလွန်မတ်စ် ဝယ်ယူမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ ခိုင်မာတဲ့ သတင်းရင်းမြစ်မပါပဲ တမင်တကာ သရော်စာပုံစံ ရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီအကြောင်းအရာကို ပထမဆုံး စတင်ဖြန့်ဝေတာကတော့ ရယ်စရာ သတင်းတွေနဲ့ သရော်စာတွေ ရေးသားဖော်ပြလေ့ရှိတဲ့ SpaceXMania ဆိုတဲ့ ဝက်ပေချ့်မှာ အောက်တိုဘာလ ၁၈ ရက်နေ့က ရေးသားဖော်ပြထားတာပါ။

    ဖော်ပြရာမှာလည်း အကြောင်းအရာရဲ့ ခေါင်းစဉ်အောက်မှာ သရော်စာ အမျိုးအစားဖြစ်တယ် (Categories: Satire) ဆိုတာ တပါတည်း ရေးသားထားပြီး ဖြစ်ပါတယ်။ အောက်ပါ ပုံမှာ ကြည့်ရှု့နိုင်ပါတယ်။


    မူရင်းဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် ဒီအကြောင်းအရာ သတင်းမှား ဖြစ်တယ်ဆိုတဲ့အကြောင်း Logically Facts နဲ့ USA Today တို့လို ယုံကြည် စိတ်ချရတဲ့ သတင်းဌာန တွေမှာလည်း သတင်းဆန်းစစ်မှု ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

    Logically Facts သတင်းဌာနက ပြုလုပ်ထားတဲ့ သတင်းဆန်းစစ်မှုမှာ CNN သတင်းဌာနကို ရောင်းချတယ်၊ ပိုင်ရှင် ပြောင်းတယ်ဆိုပြီး ထွက်ပေါ်နေတဲ့ အကြောင်းအရာတွေဟာ ကောလဟလတွေသာ ဖြစ်ကြောင်းနဲ့ ဒါတွေအကုန် မှားယွင်း ကြောင်း CNN သတင်းဌာနရဲ့ ပြင်ပဆက်ဆံရေး ပြောခွင့်ရှိသူက ပြောဆိုထားတယ်လို့ ရေးသားထားပြီး ဖြစ်ပါတယ်။


    ဆန်းစစ်ထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    CNN သတင်းဌာနကို ဝယ်ယူမယ် ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီးလည်း အီလွန်မတ်စ် ကိုယ်တိုင် သူ့ရဲ့ X အကောင့်မှာ ပြောဆိုထားတာမရှိသလို မီဒီယာတွေပေါ်မှာ ဖြေဆိုထားတာလည်း မရှိပါဘူး။

    အခုဖြန့်ဝေနေတာတွေဟာ သရော်စာကို သတင်းအမှန်လုပ်ပြီး ရေးသားဖြန့်ဝေနေတာတွေသာ ဖြစ်ပါတယ်။

    Tags

    ဘီလျံနာကန်ဒေါ်လာ ၃ ဘီလျံသတင်းအတုFakenewsCNN newsinvestmentသတင်းမှား
    Read Full Article
    Claim :   CNN သတင်းဌာနကို အီလွန်မတ်စ် ဝယ်ယူမယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!